Saturday, August 11, 2012

သီလ၀ါတွင် ရင်းနှီး မြှုပ်နှံရန် မြန်မာ လုပ်ငန်းရှင်များကို ဖိတ်ခေါ်

From-  thevoicemyanmar.com

မြန်မာ နှင့် ဂျပန် နှစ်နိုင်ငံ ပူးပေါင်း အကောင် အထည်ဖော်မည့် သီလ၀ါ အထူး စီးပွားရေး ဇုန်တွင် ရင်းနှီးမြှုပ်နှံရေး အများပိုင် ကုမ္ပဏီ လုပ်ကိုင်ရန် မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကြောင်း ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဌ ဦးဝင်းအောင်က ယနေ့တွင် ပြောကြားသည်။


အဆိုပါ အသင်းချုပ်တွင် သြဂုတ်လ ၁၁ ရက်နေ့ ပြုလုပ်သော သီလ၀ါ အထူး စီးပွားရေးဇုန် စီမံကိန်းတွင် ၀င်ရောက် လုပ်ကိုင်နိုင်ရန် လုပ်ငန်းရှင်များကို အသိပေးပွဲတွင် ၄င်းက ယင်းသို့ ပြောကြားခြင်း ဖြစ် သည်။

သီလ၀ါ အထူး စီးပွားရေး စီမံကိန်းကို မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်း လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး ဂျပန်နိုင်ငံက ၄၉ ရာခိုင်နှုန်း လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံက မစ်စုဘီချီ ကုမ္ပဏီ၊ ဆူမီတိုမို ကုမ္ပဏီ၊ မာရူဘနီ ကုမ္ပဏီများ အဓိကထား လာရောက် ရင်းနှီးမြုပ်နှံမည် ဖြစ်ကြောင်း ဦးဝင်းအောင်က ဆိုသည်။

သီလ၀ါ အထူး စီးပွားရေး ဇုန်ကို အများပိုင် လုပ်ကိုင်မည်ကို ကြိုဆိုသော်လည်း ယင်းအထူး စီးပွားရေးဇုန် စတင် အကောင်အထည် ဖော်မည့် ကာလ၊ ပါဝင်မည့် စီမံကိန်းများ၊ ရင်းနှီးမြုပ်နှံမှု ပမာဏများကို ရှင်းလင်း ပြောဆိုရန် လိုအပ် ကြောင်း အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် လုပ်ငန်းရှင် တစ်ဦးက အကြံပြု ပြောကြားသည်။

အဆိုပါ စီမံကိန်းတွင် ရှယ်ယာများ ၀င်နိုင်မည့် အချိန်ကို ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ကြေညာ ပေးသွားမည်ဖြစ်ပြီး မည်သည့် လုပ်ငန်းရှင် မဆို ပါဝင်နိုင်ကြောင်း၊ အဆိုပါ အထူး စီးပွားရေးဇုန် စီမံကိန်းမြေ အကျယ်အ၀န်းမှာ ဟတ်တာ ၂၄၀၀ ရှိကြောင်း ဦးဝင်းအောင်က ဆိုသည်။

No comments:

Post a Comment