Sunday, August 26, 2012

အမေရိကန် အားကစား သံတမန် အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ


မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်အလို့ငှာ အမေရိကန်ကြေးစား ဘတ်စကက်ဘောအားကစားသမားများနှင့် နည်းပြများကို 'အားကစားသံတမန်'များအဖြစ် ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာကြာင်း ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးမှ တရားဝင် သတင်း ထုတ်ပြန်လိုက်သည်။


အမေရိကန် အားကစား သံတမန်လေးဦး ပါဝင်သည့် အဖွဲ့သည် ယခု ရက်သတ္တပတ် အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း၊ ထိုသို့ လာရောက်မှုသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စပွန်ဆာ ပြုလုပ်သော "ပညာရပ်ပိုင်း ဆိုင်ရာ၊ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နှင့် မတူကွဲပြား ခြားနားမှု အပေါ်အသိအမှတ်ပြု လေးစား လိုက်နာမှု ဆိုင်ရာ အရေးပါမှုများကို အလေးပေးသည့် အစီအစဉ်" တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမေရိကန် အားကစား သံတမန်အဖွဲ့ အနေဖြင့် ပြည်တွင်းမှ လူငယ်များနှင့် အလုပ်ရုံ ဆွေးနွေး ပွဲများ ပြုလုပ်သွားမည် ဖြစ်သည်။ အားကစား သံတမန် လေးဦးအနက် တစ်ဦးမှာ ယခု ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပြီး ကျန်တစ်ဦးမှာ သြဂုတ်လ ၂၆ ရက်နေ့ (တနင်္ဂနွေ) တွင် လေကြောင်း ခရီးစဉ်ဖြင့် လာရောက်မည် ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်က ဆိုသည်။

အားကစား သံတမန်များ အဖွဲ့၌ ယခင် မြန်မာနိုင်ငံသားဟောင်း ဖြစ်ပြီး ယခုအခါ အမေရိကန် ပြည်ေ ထာင်စု Charlotte Bobcats ဘတ်စကက်ဘော အသင်းမန်နေဂျာ Richard Cho လည်း ပါဝင်ကြောင်း၊ လော့စ်အင်ဂျလိဒ်စ်လေကာစ် အသင်းမှ လက်ထောက်နည်းပြ David Ham၊ ၊ ယခင် အမျိုးသား ဘတ်စကက်ဘော အသင်း အားကစားသမား Allison Feaster နှင့် ယခင် NBA အသင်း ကစားသမား Marty Conion တို့လည်း ပါဝင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် လက်ထက် ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့် လုပ်ဆောင်လာပြီးနောက် ပိတ်ဆို့ အရေးယူမှုများကို တဖြည်းဖြည်း ချင်း လျှော့ချ ပေးလာသလို နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာဆိုင်ရာ သံအမတ်ကြီး ခန့်အပ်ခြင်း၊ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီးများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့် ရအောင် အကူအညီပေးခြင်း အစရှိသည်တို့ကို လုပ်ဆောင်လာသည်။

No comments:

Post a Comment