Friday, August 3, 2012

မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာတွေ ဆက်လက်ပြီး အန္တရာယ်ပြု ခြိမ်းခြောက် ခံနေရမယ်ဆိုရင် မိမိတို့အနေနဲ့ ဘာသာရေးစစ်ပွဲ ဆင်နွှဲမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံက အစ္စလမ်အစွန်းရောက် ဘာသာရေး ခေါင်းဆောင်တစ်ဦးက ခြိမ်းခြောက်

မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာတွေ ဆက်လက်ပြီး အန္တရာယ်ပြု
ခြိမ်းခြောက် ခံနေရမယ်ဆိုရင် မိမိတို့အနေနဲ့ ဘာသာရေးစစ်ပွဲ ဆင်နွှဲမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံက အစ္စလမ်အစွန်းရောက် ဘာသာရေး ခေါင်းဆောင်တစ်ဦးက ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။


အာလာအရှင်ရဲ့ အခုလို တောင်းဆိုမှုကို လစ်လျှူရှု မျက်ကွယ်ပြုမယ်ဆိုရင် မိမိတို့ရဲ့ မူဂျာဟီဒင် တပ်သားတွေရဲ့ လက်ချက်နဲ့ ကျဆုံးသွားကြတဲ့ နိုင်ငံတွေကို မျက်မြင်တွေ့ရှိရမှာ ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံက ဘာသာရေးအစွန်းရောက် ခေါင်းဆောင် Abu Bashir က မြန်မာအစိုးရထံ

တောင်းဆိုထားကြောင်း ထည့်သွင်းဖေါ်ပြထားတယ်လို့ အေအက်ဖ်ပီ သတင်းတစ်ပုဒ်က ရေးသားပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အသက် ၇၄ နှစ် မူဆလင် ဘာသာရေးအစွန်းရောက်
ခေါင်းဆောင် Abu Bakar Bashir က ဇူလိုင်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ သမ္မတကြီး ဦးသိန်းစိန်ထံ လိပ်မူရေးသားတဲ့ စာကို voa-slam.com အင်တာနက် စာမျက်နှာ ဖေါ်ပြထားကြောင်း ဖေါ်ပြထားပါတယ်။

အဲဒီ ဘာသာရေး ခေါင်းဆောင် Abu Bashir ဟာ အင်ဒိုနီးရှားနိုင်ငံက အစွန်းရောက် အစ္စလမ်ဘာသာဝင်တွေရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်ပြီး နိုင်ငံတကာ ဘာသာရေး အစွန်းရောက် လှုပ်ရှားမှုတွေကို ငွေကြေးထောက်ပံ့မှု နဲ့ အင်ဒိုနီးရှားအကျဉ်းထောင်ထဲ မှာ လက်ရှိ ထောင်ဒဏ် ၁၅ နှစ် သက်တမ်း ကျခံနေရသူ ဖြစ်ပါတယ်။

ဒီစာနဲ့ပတ်သက်ပြီး ဟုတ်မှန်ကြောင်း အဲဒီ ဘာသာရေး ခေါင်းဆောင်
ငွေကြေး အထောက်အပံ့ပေးထားတဲ့ JAT အဖွဲ့က အတည်ပြုပြောတယ်လို့ ဆိုပါတယ်။ JAT အဖွဲ့ဟာလည်း နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း
အဖြစ် အမေရိကန် အစိုးရက စာရင်းသွင်းခံထားရတဲ့ အဖွဲ့ဖြစ်ပါတယ်။

JAT အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Son Hadi က ဒီစာကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က မြန်မာသံရုံးကို ပေးပို့ပြီးဖြစ်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment