Tuesday, August 14, 2012

လိုင်ဇာပတ်ဝန်းကျင်ရှိ KIA တပ်စခန်းများမှ တပ်မှူးများအား KIA ဗဟိုဌာနချုပ်သို့ ခေါ်ယူ

ပြီးခဲ့တဲ့သြဂုတ်လ (၁၂) ရက်နေ့က လိုင်ဇာမြို့ပတ်ဝန်းကျင်နဲ့ တပ်မ ဟာ (၅) မုန်ဆန်ယန် လက်ေ အာ က်ခံ ကေအိုင်အေ တပ်စခန်းများမှ စခန်း မှူး များနဲ့ တပ်ရင်း မှူးတွေကို   ကေအိုင် အို ခေါင်းဆောင် များက ဗဟိုဌာနချုပ်ကို အစည်း အဝေးပြုလုပ်ရန် ဆ င့်ေ ခါ် ထားတ ယ်လို့ သိရပါတယ်။သြဂု တ် လပိုင်း အ တွင်း ကစ ပြီး မြန်မာ စစ်တ ပ်ေ တွနဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ပိုမိုပြင်းထန် လာခဲ့ပါတယ်။ မြန်မာစစ်တပ်မှ KIA ဌာနချုပ် လိုင်ဇာကို လမ်းကြောင်း (၃) ကြောင်းဖြင့် ချီတက်ကာ KIA ဌာန ချုပ်ကို ထိုးစစ်ဆင်နေပြီဆိုတဲ့ သတင်းတွေ
ထွက်ပေါ်လာချိန်မှ စပြီး ကေအိုင်အေတပ်ရင်းများမှ တပ်ရင်းမှူး အသီးသီးတို့ရဲ့ စိတ်ထဲမှာ ဆုံးဖြတ်ချက်တွေ ဝေေ၀၀ါးဝါး ဖြစ်ပေါ်လာခဲ့ပါတယ်။
တိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးမှုတွေများလာတာကို လက်တွေ့ရင်ဆိုင် ခံစားနေရတဲ့ KIA တပ်ရင်းမှူး တွေကတော့ လူအင်အားနည်းပါးခြင်း၊ စစ်ကြောင့် ဖြစ်ပေါ်လာရသော ကချင်ဒေသခံစစ်ပြေး ဒုက္ခသည်များ များပြားလာခြင်း၊ ထောက်ပံ့ပေးကမ်းမှုတွေ နည်းပါးလာတဲ့အတွက် ဌာနချုပ်နဲ့ ဝေးကွာ တဲ့ နေရာမှာရှိတဲ့ တပ်ရင်းမှူးတွေက စစ်ကိုချုပ်ငြိမ်းချင်နေကြပြီဖြစ်ပါတယ်။
ဌာနချုပ်နဲ့  နီးတဲ့တပ်ရင်းတွေကတော့ လိုင်ဇာဌာနချုပ် လုံခြုံရေးလုပ်ဆောင်ဖို့သာရှိပြီး တိုက်ပွဲမှာ ပါဝင် တိုက်ခိုက်ရတာမရှိလို့ ကေအိုင်အေ ခေါင်းဆောင်ပိုင်းက ညွှန်ကြားချက်တွေကို လိုက်ပါ လုပ်ဆောင်နိုင်နေသေး တာပဲဖြစ်ပါတယ်။ ယခုလို KIA လက်အောက်ခံတပ်ရင်းမှူးများမှ သဘောထား အသီးသီး ကွဲလွဲနေမှုကို KIA ခေါင်းဆောင်ပိုင်းတွေအနေနဲ့ သိရှိလာခဲ့တဲ့အတွက် ယခုလို ဌာနချုပ်နဲ့ နီးတဲ့တပ်ရင်းတွေကို ခေါ်ယူပြီး သူတို့ရဲ့ လုံခြုံရေး မထိခိုက်အောင် အချင်းချင်း ပြန်လည် ပစ်ခတ်မှုတွေ မဖြစ်အောင် စည်းရုံးကြပ်မတ်ဖို့ လုပ်ဆောင် လာခဲ့တာ ဖြစ်တယ်လို့ တရုတ် - မြန်မာ နယ်စပ်မျာရှိတဲ့ စစ်ရေးအကဲခတ်များမှ ပြောဆိုနေကြပါတယ်။
ဒါ့အပြင် လက်အောက်ခံတပ်ရင်းတွေက အတင်းအကျပ် တိုက်ပွဲဝင်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန် လာခဲ့ရင် ပြန်လည်ခုခံဖို့နဲ့ မြန်မာအစိုးရထံ အလင်းဝင်ရောက်ဖို့ စီစဉ်မှုတွေပြုလုပ် ထားရှိတာ ကိုလည်း KIA ခေါင်းဆောင်ပိုင်များမှ သိရှိနေခဲ့တယ်လို့ သိရပါတယ်။

From -ကချင်နေ့စဉ်သတင်း ဘလော့
 

No comments:

Post a Comment