Wednesday, August 15, 2012

Myanmar Egress ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC) အတွင်းရေးမှူး အဖွဲ့ဝင် တဦးဖြစ်သည့် ခွန်ဥက္ကာက ဝေဖန်

Myanmar Egress အဖွဲ့သည် မြန်မာနိုင်ငံ၌ စစ်မှန်သည့် ငြိမ်းချမ်းရေး အမြန် တည်ဆောက်ရန် အဖြေရှာလိုပါက ၄င်းတို့ အနေနှင့် အစိုးရ ပေါ်လစီကို အကောင်အထည် ဖေါ်သော NGO အဖြစ်မှ ရပ်ဆိုင်းရန် လိုအပ်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အတွင်းရေးမှူး အဖွဲ့ဝင် တဦးဖြစ်သည့် ခွန်ဥက္ကာက ဆိုပါသည်။မြန်မာ အီးဂရက်က ရှင်းရှင်းပြောရရင် အစိုးရဘက်ကို လိုက်နေတဲ့ NGO ပေါ့ သူတို့က အစိုးရရဲ့ ပေါ်လစီမူဝါဒကို ဖြန့်ပေး နေတဲ့ အန်ဂျီအိုပေါ့ အဲလိုဖြန့်ချီပေးတဲ့နေရာမှာလဲ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေပါ ပါဝင်လာခဲ့လို့ ဒီလိုပွဲမျိုးကို ကျင်းပခဲ့တာပေါ့။ ပြီးတော့တချို့နေရာတွေမှာ အကျိုးအမြတ်တွေတောင် သူတို့ ရရှိလာပါတယ်” ဟုဆိုပါသည်။

အကျိုးမြတ် ဆိုသည်မှာ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်များ ရလာခြင်း၊ ငွေရေးကြေးရေးအရ သုံးစွဲနိုင်ခြင်း၊ အီးဂရက်ဌာန ချုပ် သည် တက္ကသိုလ်တစ်ခုသဖွယ် ပညာပေးရေး ဌာနတစ်ခု အဖြစ် တည်ဆောက်နိုင်ခဲ့သည့် အကျိုးအမြတ်ကို ဆိုလို ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

No comments:

Post a Comment