Monday, August 13, 2012

RIT ကို ပြန်လည်ဖွင့်လှစ်တော့မည်

နှစ်ပေါင်းများစွာ ထိုက်ထိုက်တန်တန် အသုံးမပြုဘဲ ပစ်ထားခဲ့တဲ့ ရန်ကုန် စက်မှု တက္ကသိုလ်ကြီးကို အဆင့်မြင့်တဲ့ နည်းပညာ တက္ကသိုလ်ကြီးအဖြစ် မကြာခင် ပြန်လည် ဖွင့်လှစ်တော့မယ်၊ ၁၀ တန်း စာမေးပွဲမှာ အမှတ် ၄၅၀ နဲ့ အထက်ရသူ ဦးရေ ၂၅၀ နဲ့ ပြန်ဖွင့်သွားမယ်လို့ဆိုပါတယ်။ ကျောင်းကိုလည်း ၆ နှစ်ပြည့် တက်ရပြီး၊ နိုင်ငံတကာ အဆင့်မီ သင်ရိုးနဲ့ သင်ကြားမယ်လို့ ဆိုတာကြောင့် တကယ်ရော အဆင့်မြင့် ဆရာ၊ ဆရာမတွေ ရှိပါရဲ့လားလို့ စက်မှု တက္ကသိုလ် ကျောင်းသားဟောင်း ဖြစ်ပြီး၊ လက်ရှိ The Voice သတင်းဂျာနယ်ရဲ့ ဒုတိယ အယ်ဒီတာချုပ် ကိုဇေယျသူကို ဘီဘီစီက မေးထားပါတယ်။
နားထောင်လိုပါက ဒီနေရာ ကို နှိပ်ပါ။
From -BBC

No comments:

Post a Comment