Tuesday, August 28, 2012

ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ၀န်ထမ်း(၃)ဦးကို နိုင်ငံတော်သမ္မတကြီးက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ခြင်း


နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှု များတွင် ပါဝင်ပတ်သက် မှုဖြင့် ထောင်ဒဏ်ကျခံနေရသော အောက်ဖော်ပြပါ UN, INGO ၀န်ထမ်း(၃) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်း သက်သာခွင့် ပြုလိုက်ကြောင်း သိရှိရသည်-



၁။  ဦးကာယက်စ်(ခ)ခင်ရွှေ (WFP) ထောင်ဒဏ် (၂)နှစ်
၂။  ဦးအဏာဝါဆာဒဏ်(ခ)ခင်မောင် (UNHCR) ထောင်ဒဏ် (၃)နှစ်
၃။   ဒေါ်ချိုလေးမာ(ခ)ချိုမာ (CSSEP) ထောင်ဒဏ် (၆)နှစ်

ယင်းတို့မှာ ကျူးလွန်ခဲ့သော ပြစ်မှုများကြောင့် ပြစ်ဒဏ်စီရင်ခြင်း ခံထားရသူများ ဖြစ်ကြပြီး နိုင်ငံတော် သမ္မတ၏ အခွင့်အာဏာဖြင့် ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ခြင်း ဖြစ်ပါသည်။

ယင်းသတင်း ထုတ်ပြန်ချက်အား နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် အောက်ဖော်ပြပါ Link တွင် ထုတ်ပြန်ထားပါကြောင်း-
www.president-office.gov.mm/briefing-room/daily-news/news1257

No comments:

Post a Comment