Monday, September 10, 2012

နှစ်ဘက်စစ်ရေးတင်းမာနေတဲ့ မြန်မာအစိုးရတပ်နဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်တို့အကြား ဆွေးနွေးမဲ့ နေရာ ငြင်းခုန်နေ

နှစ်ဘက်စစ်ရေးတင်းမာနေတဲ့ မြန်မာအစိုးရတပ်နဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်တို့အကြား ဆွေးနွေးမဲ့ နေရာ ငြင်းခုန်နေတဲ့အတွက် နောက်ထပ်ဆွေးနွေးပွဲ ချက်ချင်းမဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။ ဒီတကြိမ် ဆွေးနွေးပွဲမှာ အစိုးရဘက်က ဒုကာကွယ်ရေးဦးစီးချုပ်ပါ တက်ရောက်မှာမို့ နေပြည်ေ တ်ာမှာ ဆွေးနွေးဖို့ အစိုးရဘက် က စာရေးကမ်းလှန်းထားတယ်လို့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဌ ဦးအောင်မင်းက ဒီဗီဘီကိုပြော ပါတယ်။ ကေအိုင်အိုပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်ကလည်း အခုလို နှစ်ဘက်စစ်ရေးတင်းမာနေချိန်မှာ နေပြည်တော်မှာ တွေ့ဆုံဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ တရုတ်နယ်စပ်မှာဘဲ တွေ့လိုကြောင်း ပြန်လည်ပြောကြားထားပါတယ်
From -DVB

No comments:

Post a Comment