From- သစ်ထူးလွင်
အုပ်ချုပ်ရေးနှင့် လွှတ်တော်များ အကြားတွင် မည်သည့် ပြဿနာမျှ မရှိဘဲ
ဒီမိုကရေစီ အနှစ်သာရ အရ အချင်းချင်း အပြန်အလှန် ထိန်းညှိနေခြင်းသာ
ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောဆိုခဲ့သည်။
လွှတ်တော်
နှစ်ရပ်၏ စွပ်စွဲပြစ်တင်မှု ခံရပြီးနောက် သမ္မတက ခန့်အပ်ထားသော ဖွဲ့စည်းပုံ
အခြေခံ ဥပဒေ ခုံရုံး တစ်ဖွဲ့လုံး နှုတ်ထွက်မှု အပြီး ရက်ပိုင်းအကြာ
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ရုံးတွင် ကျင်းပသော အစည်းအဝေး တစ်ရပ်တွင်
သူရဦးရွှေမန်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
အစိုးရသစ်
ဖြစ်ပေါ်လာပြီး နောက်ပိုင်း အစိုးရနှင့် လွှတ်တော်များ အကြား သဘောထား
ကွဲလွဲမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့ပြီး အထင်ရှားဆုံး အဖြစ် ပြီးခဲ့သည့်
ရက်သတ္တပတ်များ အတွင်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုရုံးနှင့် ဆုံးဖြတ်ချက်
တစ်ရပ်နှင့် ပတ်သက်၍ အငြင်းပွား ဖွယ်ရာများ ဖြစ်ပေါ်ခဲ့သည်။
“ဒီမိုကရေစီကို ဒီလိုမှ ပြောင်းအောင် မလုပ်ရင် ဘယ်လိုလုပ်မလဲ”ဟု သူရဦးရွှေမန်းကဆိုသည်။
ဒီမိုကရေ
စနစ်ကို ပြောင်းနေသော အချိန်တွင် မလိုက်ပါ လိုသူများကို
ချန်ခဲ့ရမည်ဖြစ်ပြီး နုနယ်မှုကို အကြောင်းပြ၍ အပြစ်ရှိသူများကို
ခွင့်လွှတ်ရန် မသင့်ကြောင်း သူရဦးရွှေမန်းက ပြောဆိုခဲ့သည်။
No comments:
Post a Comment