Monday, September 24, 2012

"ပါတီဝင်အချို့ မညီညွတ်ခြင်း အပေါ်လမ်းညွှန်မှု ပေးခြင်းသည် မှားယွင်းသည့် လမ်းစဉ် မဟုတ်ဟု ဦးဋ္ဌေးဦး ဆို"

ရန်ကုန်၊ စက်တင်ဘာ ၂၄

ပြည်ခိုင်ဖြိုးပါတီတွင်း ပါတီ ဝင်အချို့အချင်းချင်း မညီညွတ်ဖြစ် နေခြင်းအပေါ် ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင် ဆုံးဖြတ်ချက်ဖြင့် လမ်းညွှန်မှုသွားရောက် ပြုပေးခဲ့ ခြင်းသာဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီအထွေထွေ အတွင်းရေးမှူး ဦးဋ္ဌေးဦးက ပြောသည်။

ယနေ့ပုသိမ်တွင် ပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီးလွှတ် တော်အထူးလုပ်ငန်းရပ်များဆိုင် ရာ အစည်းအဝေးပွဲတွင်း တိုင်းဒေ သကြီးလွှတ်တော် ဥက္ကဋ္ဌဦးဆန်း ဆင့်က ဦးဋ္ဌေဦး၏ ညောင်တုန်း ခရီးစဉ်အတွင်း ပါတီဝင်တို့အား ဖိအားပေး ပြောကြားခဲ့ခြင်းအား အပြင်းအထန် ကန့်ကွက်ကြောင်း သတင်းထွက် ပေါ်လာမှုကို ပါတီ အထွေထွေ အတွင်းရေးမှူးက ယနေ့ည ၇ နာရီခန့်တွင် ပြန်လည်ရှင်းလင်း ခဲ့သည်။

''ကျွန်တော်တစ်ယောက် တည်းသဘောနဲ့ ပြောတာမဟုတ် ဘူး။ ဗဟိုအလုပ်အမှုဆောင်တစ်ခု လုံးရဲ့ အစည်းအဝေးဆုံးဖြတ်ချက် အရ ညီညီညွတ်ညွတ် နေကြဖို့ တစ်ယောက်နဲ့ တစ်ယောက် စည်း စည်းလုံးလုံးရှိဖို့ ပြောခဲ့တာပါ။ ထိခိုက်နစ်နာမှုတွေ ရှိခဲ့အောင်လို့ ဘယ်သူ့ကိုမှ ကြမ်းကြမ်းတမ်းတမ်း မပြောခဲ့ပါဘူး။ ဆဲဆဲဆိုဆို မလုပ်ခဲ့ဘူး''ဟု ဦးဋ္ဌေးဦးက ပြော သည်။

ပါတီဝင်များအား ပါတီခေါင်း ဆောင်တို့က လမ်းညွှန်မှုပြုပေးခြင်း သည် မှားယွင်းသော လမ်းစဉ်တစ် ခုမဟုတ်ကြောင်း၊ မိမိပါတီဝင်တို့ ကို ခံစားမှုကို ရှေ့တန်းမတင်ဘဲ ညီညွတ်စေလိုကြောင်း၊ ထို့အတွက် ကြောင့် ဒုတိယအကြိမ် ခေါ်ယူပြီး လမ်းညွှန်မှုပြုပေးခြင်းဖြစ်သည်''ဟု ဦးဋ္ဌေးဦးက ဆိုသည်။

''ဥပဒေနဲ့ အညီ အရေးယူ မယ်လို့ ကြားပါတယ်။ ဘာနဲ့ အရေးယူမှာလဲ ထိခိုက်နစ်နာအောင် လဲ မလုပ်ခဲ့ဘူး၊ ဒါက ပြဿနာ လည်းမဟုတ်ဘူး။ မှန်ကန်တဲ့ လမ်းကြောင်းရောက်အောင် ပြော ခဲ့တာပဲ။ တခြားပါတီတွေလည်း ဒီလိုပဲ ပြောကြတာပဲ''ဟု ¤င်းက ထပ်မံကာ ပြောသည်။

စက်တင်ဘာလ ၉ ရက်နေ့ က ညောင်တုန်းမြို့နယ် ညောင် တုန်းရိပ်သာတွင် ဦးဋ္ဌေးဦးက ဧရာဝတီတိုင်းဒေသကြီးတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့ ဝင် ပါတီဝင်များ တွေ့ဆုံပြောဆိုခဲ့ကြောင်း သိရသည်။

ပြည်ဖြိုး၊ PN 051
 
From -ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment