Friday, September 14, 2012

ရာင်းစားခံထားရသည့် မြန်မာ၂၂ ဦးအား ကယ်တင်




            ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၈၀ ကျော်တွင်ရှိသော ချောင်းစမေစံ(ခ) အချောင်   လှေဆိပ်တွင်ရောင်းစားခံထားရ သည့် မြန်မာ အလုပ်သမား ၂၁ ဦးတို့အား လူကုန်ကူးမှုတိုက် ဖျက်ရေး ပူးပေါင်းဆောင်ရွက် သူများက ကယ် တင် နိုင်ကြောင်း သိရှိရသည်။
စက်တင်ဘာ ၁၂ ရက်နေ့က ငါးဖမ်းလှေအလုပ် 
သမား ၁၈ဦးနှင့် စက်တင်ဘာ ၁၁ ရက်နေ့က ၃ ဦးနှင့် ယနေ့ တွင် ၁ ဦးတို့အား ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့AHTD ၊ ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT ထိုင်းတောင်ပိုင်း ဖန်င အခြေစိုက် FED နှင့် မြန် မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း  အတွင်းရေးမှူး  မြန်မာသံမှူး  ဦးနိုင်ထွန်း တို့ ပူးပေါင်း ကူညီခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ မိဘဆွေမျိုးများက ၎င်းတို့  သားသမီးများရောင်းစားခံထားရကြောင်း  MAT အဖွဲ့သို့ ဆက်သွယ် အကူညီတောင်းခံခဲ့ကြသည်။ ရောင်းစားခံထားရသူတို့၏ ဓါတ်ပုံများအား စာတိုက်နှင့် အီးမေး စနစ်တို့ဖြင့် ပေးပို့ ခဲ့ကြပြီး သတင်းအချက်အလက်များအား လချီ၍ စုဆောင်း မှတ်တမ်းတင်ခဲ့ရသည်။
       လိုအပ်သည့် သတင်းအချက်အလက်များ ပြည့်စုံသည့်အခါ မြန်မာသံရုံးနှင့် FED တို့ အား ညှိနှိုင်းပြီး ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD နှင့် ပူးပေါင်းကာ  ၂ ရက်နှင့် ၂ည ကြိုးပမ်းေ ဆာင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
MAT အဖွဲ့ တာဝန်ခံ ဦးကျော်သောင်း က  “ လူကုန် ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းက အချိန်တွေ ငွေတွေ အကုန် အကျခံပြီး သတင်းအချက်အလက် စုဆောင်းရတယ်။ လူကုန်ကူးခံထားရတဲ့ မြန်မာတွေ ဟာ ထိုင်း အာဏာပိုင် တွေနဲ့ ထိုင်းလုပ်ငန်းရှင်တွေ တွလက်ထဲက ဆွဲထုတ်ရတဲ့အလုပ်ဖြစ်တာကြောင့် အန္တရာယ်များပါတယ်။ ရောင်းစားခံထားရတဲ့သူတွေ ကျနော်တို့ကို တိတိကျကျ ဆက် သွယ်နိုင်မှ ဖြစ် တာ   ကြောင့် အတော် ခက်ခဲ့ပါတယ်။ ကျနော်တို့ သွားရောက် ကယ်ထုတ်တဲ့အခါ  AHTD အဖွဲ့က ကျနော်တို့ အကူညီတောင်းလို့ လာခဲ့ရတာပါဆိုပြီး လက်ညှိးထိုးခံတာကတော့ အမြဲတမ်းပါပဲ။ ကျနော်တို့မှာ ဘာလက်နက် ဘာအကာ အကွယ်မှမရှိပဲ လုပ်ရတာမို့ ကျနော်တို့အတွက် အချိန်မရွေး အသတ်ခံရနိုင်တဲ့ အလုပ်ဖြစ်တယ်။”အလုပ်သမား ၂၂ဦးအနက် အသက် ၁၆နှစ်အရွယ် ပုသိမ်းမှ လူငယ်တစ်ဦးနှင့် မြ၀တီမှ အသက် ၁၇  နှစ်အရွယ် လူငယ်နှစ်ဦး တို့ ပါဝင်ကြသည်။ ပြန်လည်လွတ်မြောက်လာသူတစ်ဦးဖြစ်သော် မွန်ပြည်နယ် ကျိက္ကထို မှ ကိုဟန်လင်း က
“ကျနော် ၄လပိုင်းက မဟာချိုင်မှာ ပုလိပ်အဖမ်းခံရတယ်၊ မြ၀တီက နယ်ခြားစောင့်တပ် ၀င်းထဲ မှာ ပြန်ရွေး ခဘတ် ၁၅၀၀ မတတ်နိုင်လို့ ပွဲစားနဲ့ ပြန်တက်လာရတယ်။ ခေါက်ဆွဲခြောက် အလုပ်ရုံမှာ လုပ်ရမယ်လို့  ပွဲစားကပြောပေမယ့် အချောင်လှေဆိပ်ကိုရောက်သွားတယ်။ ကျနော်တို့ကို  DKBA ၁၄ ဂိတ်ထဲမှာလူ စုဆောင်းတယ်၊ ရွှေက္ကုကို ကိုပြောင်းတယ်၊ အဲဒီကမှတစ်ဆင့်  လူ ၅၀/ ၁၀၀ ပြည့်မှ ရေလယ်ကျွန်း မှာနေတဲ့လမ်းပြတွေက တစ်ဆင့်ပြီး တစ်ဆင့် ပို့တယ်” ဟုပြောသည်။
           ယခု တစ်ကြိမ် ကယ်တင်မှု၏ ထူးခြားမှုမှာ MAT နှင့် FED အဖွဲ့တို့ထံတွင် အကူညီတောင်းခံ ထားသည့် ရောင်းစား ခံထားရသူတို့၏ ဓါတ်ပုံနှင့် အမည်များအား အချောင်ရွာလှေဆိပ် သူကြီးအား တင်ပြကာ ၎င်းက လှေပိုင်ရှင်များအား ဖုန်းဖြင့် ဆက်သွယ် လာပို့ခိုင်းခြင်းဖြစ်သည်။
           ရွာသူကြီးနှင့် AHTD, MAT တို့က  လှေပိုင် ရှင်နှင့် လှေသူကြီး(ပိုက်ဆရာ) တို့ကို အမှုဖွင့်အရေး ယူခြင်းမပြုရန်သဘောတူ လုပ်ဆောင်ကြရခြင်းဖြစ် သည်။ MATအဖွဲ့ကလည်း ရောင်းစားခံနေ ရသူများ ပြန် လည် လွတ်မြောက် ပါက  ကျေနပ်ကြောင်း ကတိပြုကြရသည်။ပြန်လည်လွတ်မြောက်လာသူတို့ကလည်း  ကယ်ဆယ်ရေးစခန်း ထဲတွင် အကျိုး တစ်စုံတရာမရှိပဲ အချိန်ကြာမြင့်စွာ အမှုရင်ဆိုင်ရမှုတို့ကို  သိထားကြ သည်နှင့်အညီ  လူကုန်ကူးမှု ကျူးလွန်သူတို့အား အမှုဖွင့်ခြင်းမပြုကြသဖြင့်လိုအပ်သည့် မှတ်တမ်းများပြုစုပြီး ပါက ရက်ပိုင်းအတွင်း နယ်စပ်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ကူညီဆောင်ရွက်သူများ ပြောပြချက် အရ သိရှိရသည်။
From- ရွှေလုပ်သားဂျာနယ်

No comments:

Post a Comment