Tuesday, September 11, 2012

ရွှေတိဂုံ စေတီတော်ရင်ပြင်ပေါ် ဆေးလိပ်မသောက် ကွမ်းမစားရဇုန် သတ်မှတ်

  ရွှေတိဂုံ စေတီတော်ရင်ပြင်ပေါ်၌ ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရဇုန်အဖြစ် သတ်မှတ်ထားပြီး စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ စေတီတော် ရင်ပြင်ပေါ် တွင် ဂေါပကရုံး ဝန်ထမ်းများက အသံချဲ့စက်များဖြင့် ဆေးလိပ်မသောက်ရန်၊ ကွမ်းမစားရန် တားမြစ်သတိပေး လျက်ရှိသည်။ ဆေးလိပ်သောက်သူ၊ ကွမ်းစားသူများ တွေ့ရှိပါက ယင်းသို့ မပြုလုပ်ရန် ရှင်းလင်းပြောကြား ပေးလျက်ရှိသည့် အပြင် လိုဂိုများဖြင့်လည်း ချိတ်ဆွဲ အသိပေး ထားသည်။ စေတီတော် ရင်ပြင်ပေါ်သို့ လာရောက်ကြသော ဘုရားဖူး ပြည်သူများ အနေဖြင့် စေ တီတော် ရင်ပြင်ကို သန့်ရှင်းစင်ကြယ် စေရန် တားမြစ်ချက် တို့ကို လိုက်နာ ကြခြင်းဖြင့် ကုသိုလ်ယူကြစေ လိုကြောင်း အသိပေး နှိုးဆော်ထားသည်။ 
From -မြ၀တီ

No comments:

Post a Comment