Tuesday, September 18, 2012

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဟစ်ဇ်ဘိုလာအုပ်စုက ကျောထောက်နောက်ခံပြုသည့် အမေရိကန်ဆန့်ကျင်ရေး မွတ်ဆလင်မ်များ စုရုံးချီတက် ဆန္ဒပြ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဟစ်ဇ်ဘိုလာအုပ်စုက ကျောထောက်နောက်ခံပြုသည့် အမေရိကန်ဆန့်ကျင်ရေး မွတ်ဆလင်မ်များ စုရုံးချီတက် ဆန္ဒပြကြသည်။ အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော် မိုဟာမက်အား လှောင်ပြောင်သရော်ထားသော ရုပ်ရှင်ဇာတ်ကားတိုကို အမေရိကန်ဒါရိုက်တာတစ်ဦးက ရိုက်ကူးခဲ့မှုအပေါ် အစ္စလာမ်မစ်နိုင်ငံ အများအပြားတွင် ဆန္ဒပြမှုများ ပေါ်ပေါက်လျက်ရှိရာ ယခု ဘေရွတ်တွင် ပြုလုပ်သော ဆန္ဒပြမှုများ အင်အားအများဆုံးဖြစ်ပြီး လူတစ်သိန်းကျော် ပါဝင်ကြောင်း RT News က ပြောကြားသည်။
ဆန္ဒပြလူအုပ်ကြီးတွင် အမျိုးသားနှင့် အမျိုးသမီး သီးခြားစီ ချီတက်ဆန္ဒပြခဲ့ကြသည်။ ချီတက်ဆန္ဒပြပွဲတွင် ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်က ဆန္ဒပြမှုများ အကြီးအကျယ်ပြုလုပ်ရန် တိုက်တွန်းသွားသည်။ ထိုအတောအတွင်း ဘေရွတ်မြို့ရှိ အမေရိကန်သံရုံးတွင် သံတမန်များက ထိပ်တန်းအဆင့် အရေးကြီး စာရွက်စာတမ်းများကို ဖျက်ဆီးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
From -ပေါ်ပြူလာဂျာနယ် 

No comments:

Post a Comment