Thursday, September 6, 2012

ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပညာသင်ရန် မြန်မာအင်ဂျင်နီယာ ၅၉ ဦး တရုတ်သွားမည်

 From- Popular Myanmar News Journal


ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပညာရပ်ဆိုင်ရာ ဘာ သာရပ်တို့ကို လေ့လာရန် တရုတ် နိုင်ငံသို့ မြန်မာအင်ဂျင်နီယာ လူ ငယ် အယောက် ၅၉ ဦး သွား ရောက်ကြမည်ဟု သိရသည်။
ဦးရေအများဆုံးအဖြစ် ပထမ ဦးဆုံး စတင်သွားရောက်မည့် အဆိုပါ လူငယ်တို့မှာ စီချင်ပြည် နယ်၊ ချန်ဒူးမြို့ရှိ Southwest Petroleum University တွင် ၃ လ ကြာ သွားရောက်သင်ယူကြ မည်ဖြစ်ကာ စက်တင်ဘာ ၈ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာကြမည် ဖြစ် သည်။၎င်းတို့သည် သင်ယူပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါ က ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလုပ် ငန်းတွင် တာဝန်ထမ်းဆောင်ကြ မည် ဖြစ်ပြီး အပြည့်အဝ ပညာ သင်ဆု အပြင် လစဉ်လစာငွေ တို့ကိုပါခံစားကြရမည်ဟု သိရသည်။ကျောက်ဖြူ-ကူမင်း ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံ ကိန်းကို မြန်မာတရုတ် CNPC ၊ အိန္ဒိယ၊ တောင်ကိုရီးယား ဒေဝူး ကုမ္ပဏီတို့ ရှယ်ယာတို့ စုပေါင်း ကာ လုပ်ကိုင်နေသည်။

No comments:

Post a Comment