Friday, September 14, 2012

ဗုဒ္ဓဘုရား ကို စော်ကားမှု အမေရိကန် လုပ်သမျှ အထင်ကြီးသည့် မြန်မာများ

မွတ်ဆလင် ဘုရားကို စော်ကားသဖြင့်  အမေရိကန် သံအမတ်ကြီး အသတ်ခံ ရသော်လည်း ဗုဒ္ဓဘုရား ကို စော်ကားမှုကို အမေရိကန် လုပ်သမျှ အထင်ကြီးသည့် ဗုဒ္ဓ မြန်မာများ အမေရိကန် သံရုံးရှေ့တောင် လူစုဖြင့် မသွားရဲကြပေ။
မိုဟာမက် ကို စော်ကား သည့် ဗွီဒီယိုကြောင့် လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ တွင် ဖြစ်ပွားသော အစ္စလန် ဘာသာဝင်များ၏ တိုက်ခိုက်မှုအတွင်း လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗင်နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးသွားကြောင်း Reuters သတင်းက ပြောကြားသည်။
 ခရစ္စတိုဖာနှင့် သံရုံးဝန်ထမ်း ၃ ဦးသည် ဘန်ဂါဇီမြို့တွင် အစိုးရစစ်တပ်နှင့် သူပုန်များကြား ဖြစ်ပွားသော တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။ သူပုန်များက ဘန်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက် မှုကြောင့် အမေရိကန်သံအမတ်နှင့် ဝန်ထမ်း ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ရှိ အမေရိကန်သံရုံးအပြင်ဖက်တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ယနေ့ဖြစ်ပွားရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ရာပေါင်းများစွာသော အီဂျစ်ဆန္ဒပြသူများက အမေရိကန်သံရုံးအပြင်ဖက်တွင် စုရုံးကာ သံရုံးအား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြ သည်။

ဗုဒ္ဓဟူးနေ့တွင် စတင်၍ ကိုင်ရိုမြို့ရှိ အမေရိကန်သံရုံးသို့ ရာဂဏန်းအရေအတွက်ရှိ ဆန္ဒပြသူများက ချီတက်ဆန္ဒပြခဲ့ကြပြီး အီဂျစ်နိုင်ငံမှ ထွက်ခွာသွားရန် အော်ဟစ်ကြွေးကြော်ခဲ့သည်။ 
အမေရိကန် ကုမ္ပဏီတစ်ခုက ရိုက်ကူးခဲ့သော အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက် အား လှောင်ပြောင်သရော်ထားသည့် ရုပ်ရှင်နှင့်ပတ်သက်၍ တောင်းပန်ရန်လည်း ဆန္ဒပြသူများ က တောင်းဆိုခဲ့ကြသည်။ ကိုင်ရိုဆန္ဒပြမှုအတွင်း
 လူ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး ဆန္ဒပြသူ ၁၂ ဦး အဖမ်းခံခဲ့ရကြောင်း သတင်းများကဆိုသည်။

လစ်ဗျားတွင်လည်း အဆိုပါ ရုပ်ရှင်ရိုက်ကူးမှုအပေါ် တုံ့ပြန်ဆန္ဒပြ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အမေရိကန်သံအမတ်နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးခဲ့သည်။ ယီမင်နိုင်ငံ ဆာနားမြို့ရှိ အမေရိကန်သံရုံးတွင်လည်း အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ယီမင်ရဲတပ်ဖွဲ့က ပစ်ခတ်ဖြို့ခွင်းခဲ့ကြောင်း သိရသည်။

မိုဟာမက် အတွက် လစ်ဗျားလူထု၏ တုန့်ပြန်မှု

ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ အထွန်းကားဆုံးတိုင်းပြည်ဖြစ်တဲ့ ဗုဒ္ဓဘာသာကတော့ အမေရိကန် တို့မှ ဗုဒ္ဓဘုရားအား ရိုင်းပြစော်ကားသည့် ဗွီဒီယို အတွက် ဘာမှ ပြန်လည်တုန့်ပြန်တာမျိုး မရှိပဲ အမေရိကန်လုပ်သမျှ အထင်ကြီးကာ ချီးမွှမ်းခန်းသား ဖွင့်လျှက်ရှိသည်။
ရိုင်းပြသော ဗုဒ္ဓ.. တဲ့

အစဉ်အလာကြီးမားစွာ၊ သိက္ခာကြီးမားစွာ ရပ်တည်တဲ့ ဗုဒ္ဓဘာသာကို အမေရိကန် ရုပ်သံလိုင်းနဲ့တွေ့မှ ဟာသ ဖြစ်ခဲ့ရသည်။အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ရိုင်းပျသော ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ယမန်နေ့က ထုတ်လွှင့်သွားခဲ့ဖူးသည်။
ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပျသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့သည်။
ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော သဗ္ဗညုတဉာဏ်ကို ရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား လမ်းညွှန်ပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော်လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယို သည် ရိုင်းပျသော ဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့သည်။
ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့သည်။
ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂ္ဂိုလ်က "ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေး နဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။" ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာ ပင် "သင်နှစ်ခြိုက်သော ပန်းတစ်ပွင့်သည် ကြွေကျမြေခမည် ဖြစ်သကဲ့သို့၊ သင်မနှစ်မြို့သော ပေါင်းပင်မှာလည်း ပေါက်​ရောက်ရှင် သန်မည်သာဖြစ်သည်။" ဟု ဖြေကြားခဲ့သည်။
ဗုဒ္ဓဘုရား ကိုစော်ကားသည့် အမေရိကန်နိုင်ငံမှ ဗွီဒီယို
အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး "ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။" ဟု ထပ်လောင်းမေးမြန်းရာ Samberg က "မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။" ဟု ပြန်လည်​ဖြေကြား ခဲ့သည်။
ပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ "ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။" ဟု နောက်ပြောင်ပြောဆိုခဲ့ပုံကို တင်ဆက်ပြသသွားသည်။
ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး "ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။" ဟု ဆိုခဲ့ရာ Samberg က "တရားရဖို့ နည်းလမ်းတစ်ခုထဲသာရှိတာ မဟုတ် ပါဘူး။ ရေခွက် တစ်ခုကို ရေတစ်​ပေါက်​ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။" လို့ ပြောကြားသွားခဲ့သည်။
ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ "ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက်လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ် ပါတယ်။ ဟားဟားဟား။" လို့ ရိုင်းပျစွာ ဆိုသွားခဲ့သည်။
အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားဟောပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေဘဲ အမျိုးသမီးအား "ရှိတာပေါ့ သမီးငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက် ကို ပြန်လာခဲ့လေ။ အတူတူ တရား အားထုတ်တာပေါ့။" လို့ ပြော ဆိုခဲ့သည်။
ထို့နောက် Lindsay Lohan က "ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။" ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် "ငါ​ရောက်​မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။" ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့သည်။
Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ "သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာက​တော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်း​တွေတောင် ကြားရမှာကွ။ ဟားဟားဟား။" ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့သည်။
အမေရိကန် နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံကြီး ဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့် ဝေဖန်ခွင့်တွေနဲ့ လွတ်လပ်စွာ တင်ဆက်ခွင့်တွေ ရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အခုလည်း အတုမရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရားကို လွတ်လွတ်လပ်လပ် ဒီမိုကရေစီ ကျကျပဲ ဟာသလုပ်ကာ လှောင်ပြောင် ရိုင်းပြ သွားခဲ့သည်။
ဟီလာရီကလင်တန်လာတုန်းက အသည်းအသန် လိုက်နေသည့် မြန်မာသတင်းထောက်များ
From- ရွှေမြန်မာ

3 comments:

  1. ဒါက ဒီလိုရှိပါတယ် ဟိုဟာက ဟိုလိုရှိပါတယ်..။ အခု သတင်းအရဆိုရင် ဗုဒ္ဓဘာသာကို စော်ကားလို့ဆိုပြီး မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးကို သွား ဆန္ဒပြ ပြီးတော့ သံအမတ်ကို သတ်ရမလိုလို ထင်ယောင်ထင်မှားဖြစ်နေပါတယ်..စော်ကားတဲ့သူကတော့ သူ့အလုပ်သူလုပ်ပါတယ်.. (မြန်မာတွေ ဘာသာရေးအပေါ်(များသောအားဖြင့်)အားနည်းချက်ရှိတာတော့ မငြင်းလိုပါ)
    ကျွန်တော်တို့ ဆန့်ကျင်သင့် ဆန္ဒပြသင့် ကန့်ကွက်သင့်ပါတယ်..ဒါပေမယ့် သူများသံရုံးကို အကြမ်းဖက် တိုက်ခိုက်အလံကိုမီးရှို့ပြီး သံအမတ်ကို သတ်တဲ့အထိတော့ မလိုပါဘူး..ဒါဆို ဗုဒ္ဓဘာသာဝင်တွေသာ ကမ္ဘာမှာ အယဉ်ကျေးဆုံးလို့ မှိုင်းတိုက်ခံထားရတဲ့ အယူအဆတွေ မြောင်းထဲရောက်ကုန်မှာပေါ့။ နောက်တစ်ခုက အခု လစ်ဗျားမှာ ရှိတဲ့ အမေရိကန်ုသံအမတ်ကို သတ်တာကလည်း တမန်တော်ကို စော်ကားလို့ဆိုတအကြောင်းပြချက်အဖြစ် အရေခြုံထားတယ်လို့ပဲ မြင်တယ်...ဒါဟာ 9/11 ကို မှတ်သားစရာအဖြစ် အမေရိကန်ကို စော်ကားတာ၊ မျက်စိထဲ မထည့်တာ၊ ဂရုမစိုက်တာလို့ပဲ မြင်ပါတယ်...မြန်မာပြည် ရခိုင်မှာ တစ်ယောက်ကိုလည်လှီးတယ်...လစ်ဗျားမှာ အမေရိကန်သံအမတ်ကိုသတ်တယ်...(တစ်ခြားနေ့တွေမှာလည်းဒီလိုအကြမ်းဖက်မှုတွေရှိတယ်ဆိုတာ မငြင်းပါဘူး) ဒါပေမယ့် အဲဒီရက်မှာ တိုက်တိုက်ဆိုင်ဆိုင် သတ်တာကတော့ အမေရိကန် နားရွက်ကို တံတွေးစွတ်တာပါ။ ဒီဗုဒ္ဓဘာသာကို စော်ကားတဲ့ ဗွီဒီယိုတွေ ဓါတ်ပုံတွေကတော့ ကြာခဲ့ပါပြီ..အထိုက်အလျောက်လည်း ကန့်ကွက်မှုတွေ လုပ်ခဲ့ကြပါတယ်။ ခွေးက ကိုယ့်ကိုလာကိုက်ရင် ကိုယ်က ပြန်ကိုက်လို့တော့ မဖြစ်သေးဘူး..ရိုက်ထုတ်ရင်ထုတ်...မထုတ်ရင်တော့ နောက်မဖြစ်အောင် နည်းလမ်းအမှန်နဲ့ ကာကွယ်မှသာ အဆင်ပြေမယ်ထင်ပါတယ်။ လေကြီးလေကျယ် ပြောလို့ပြီးပါပြီ ဟီးဟီးးးးးး

    ReplyDelete
    Replies
    1. ဟုတ်ဘာဒယ်။ ပြောသွားတာကောင်းဒယ်။ သူ့လမ်းသူလျှောက် သူ့စရိတ်နဲ့သူသွားပါလိမ့်မယ်။ သူ့အကုသိုလ်ကနေ ကိုယ့်အကုသိုလ်မဖြစ်ပါစေနဲ့။

      Delete
  2. Anyway,they can worship their believing but they should not affront other religious. If others religion will affront their almighty God,what happen to them? If they don't want to worship,yes,they can. But they shouldn't be affront of others. Where sympathy & empathy? This video & all members how they famous are shameful of their intelligence..

    ReplyDelete