Tuesday, September 11, 2012

လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား တရားဝင်လိုင်စင်များပြုလုပ်ရန် နှိုးဆော်ထေား သတ်မှတ်ကာလကျော်လွန်ပါက ဖမ်းဆီးသိမ်းဆည်းသွားရန်ရှိ

“ကျွန်တော်တို့အနေနဲ့ကတော့ သတ်မှတ်ရက်အတွင်းမှာ လိုင်စင်တွေ ထုတ်ပေးနေပြီးသတ်မှတ်ရက် ပြီးရင်တော့ လုပ်ငန်းရပ်ရမှာပဲ ၊ အဲဒီသတ်မှတ်ရက်အတွင်းမှာ ရအောင်လုပ်ဖို့ကတော့ပိုင်ရှင်တွေရဲ့ တာဝန်ပဲ ၊ ရအောင် သွားပြီး တန်းစီသင့်ရင် စီရမှာပဲ ၊ ကျွန်တော်တို့ကတော့ သတ်မှတ်ရက်အတွင်းမှာပဲ ဆောင်ရွက်ပေး သွားမှာ ၊ ရက်ထပ်ပြီးလုပ်ပေးဖို့က ကျနော်တို့ ဆီကို ဘာညွှန်ကြားချ က်မှမရှိေ သးဘူး´´လို့ ပြည်နယ်အ ခွန်ဦးစီးဌာနမှ တာဝန်ရှိသူ
တစ်ဦးမှပြော ကြားသွားသည်။ မော်လမြိုင်မြို့နယ်အတွင်းရှိ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား ပြီးခဲ့သော ဇွန်လ(၅)ရက်နေ့မှစတင်ကာ တရားဝင်လိုင်စင်များပြုလုပ်ပေးလျက်ရှိရာ လိုင်စင်လာရောက်ပြုလုပ်သူနေ့စဉ်များပြားလျက်ရှိပြီး ၀န်ထမ်းအင်အားနည်းနေခြင်းကြောင့် သတ်မှတ်ရက်အတွင်း လိုင်စင်ရရှိခြင်းမရှိသော ဆိုင်ကယ်များ အား ရက်တိုးပြုလုပ်ပေးရန်အခြေအနေရှိ /မရှိ နှင့် ပတ်သက်၍ မေးမြန်းရာ၌ အထာက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။ မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ဇွန်လ(၅) ရက်နေ့မှ စတင်ကာ လာမည့် အောက်တိုဘာလ(၄)ရက်နေ့ အထိ တရားဝင်လိုင်စင်များ ထုတ်ပေးလျက်ရှိ လိုင်စင်လာရောက်ပြုလုပ်သူနေ့စဉ်များပြားနေခြင်းကြောင့် လိုင်စင်ပြုလုပ်ခြင်းအား ရက်တိုးပေးရန် ပြည်သူအများက မျှော်လင့်လျက်ရှိသော်လည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် “ပြည်ပမှ တရားမ၀င် ရောက်ရှိလာသော လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား သတ်မှတ်ကာလာအတွင်း တရားဝင်လိုင်စင်ပြုလုပ်ကြရန် နှင့် လိုင်စင်ပြုလုပ်ခြင်းမရှိသော လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား သတ်မှတ်ကာလကျော်လွန်ပါက တည်ဆဲဥပဒေများ နှင့် အညီ သိမ်းဆည်းအရေးယူသွားမည်ဖြစ်ကြောင်း ညွှန်ကြားချက်များအရ နှိုးဆော်ထားကြောင်း´´ အသိပေးနှိုးဆော်ထားကြောင်းသိရသည်။“သတ်မှတ်ရက်အတွင်းမှာတော့ ကျနော်တို့ လိုင်စင်ထုတ်ပေးသွား မှာပါ။ သတ်မှတ်ရက်ကျော်သွားရင်တော့ သိမ်းဆည်းအရေးယူရမဲ့တာဝန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တာဝန်ပဲ´´လို့ ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ တည်ဆဲသွင်းကုန်ထုတ်ကုန်ဥပဒေ၅(၁) ၊ ၅(၃) အရ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူနိုင်ပြီး ယင်းပြစ်မှုအရ ထောင်ဒဏ်(၇)နှစ် (သို့)ထောင်ဒဏ် ငွေဒဏ်နှစ်ရပ်လုံးကျခံနိုင်ကြောင်းသိရသည်။ လိုင်စင်မဲ့ဘမော်တော်ယဉ်များအား တရားဝင်လိုင်စင်များပြုလုပ်ပေး ခြင်းများကို ဇွန်လ(၅)ရက်နေ့မှစတင်ဆောင်ရွက်ပေးလျက်ရှိရာ ယခုစက်တင်ဘာလ(၆)ရက်နေ့အထိ တရားဝင်လိုင်စင်လာရောက်ပြုလုပ်သူ မော်တော်ဆိုင်ကယ်စီးရေ (၃၄၀၀၀) ကျော်ရှိပြီး နိုင်ငံတော်အတွက် အခွန်အရပ်ရပ်စုစုပေါင်း ကျပ်(၂၈၅၂၈.၇) သိန်းရရှိခဲ့ကြောင်းသိရသည်။

From -HotNewsJounarl

No comments:

Post a Comment