Tuesday, September 11, 2012

သုဝဏ္ဏဘူမိ ရှာပုံတော် စာတမ်းဖတ်မည်

မော်လမြိုင်တက္ကသိုလ်၏ သုတေသနလုပ်ငန်းတစ်ရပ်အနေဖြင့် ကျင်းပပြုလုပ်မည့် သုဝဏ္ဏဘူမိဖော်ထုတ်မှတ်တမ်းတင်နိုင်ရေး စာတမ်းဖတ်ပွဲကို လာမည့်နိုင်ဝင်ဘာလ(၃)ရက်နေ့ နှင့် (၄)ရက်နေ့များကျင်းပပြုလုပ်ရန်လျာထား ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် စာတမ်းအကျဉ်းချုပ်အား အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုရေး ၊ မြို့ဟောင်းနေရာ များအပါအ၀င် ရှေးဟောင်း
အထောက်အထားများ ၊ ကာလသက္ကရာဇ် အထောက်အထားများ ၊ စာတမ်းဖတ်ရာတွင် စာပေကျမ်းဂန် အထောက်အထားများ ၊ အိမ်နီးချင်းနိုင်ငံများ နှင့် ခေတ်ပြိုင်အခြေအနေများအား နှိုင်းယှဉ်တင်ပြနိုင်ေ၇းနှင့် သုဝဏ္ဏဘူမိ၏ မြို့များ၊ တိုင်း /ဒေသ အကျယ်အ၀န်းများအား တင်ပြနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း စက်တင်ဘာလ ပထမအပတ်အတွင်း မော်လမြိုင်တက္ကသိုလ်တွင်ကျင်းပသော သုဝဏ္ဏဘူမိ စာတမ်းဖတ်ပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေးမှသိရသည်။သုဝဏ္ဏဘူမိသထုံဒေစ ဖော်ထုတ်မှတ် တမ်းတင်နိုင်ရေးအတွက် ကျင်းပပြုလုပ်သော စာတမ်းဖတ်ပွဲတစ်ခုဖြစ်ပြီး မွန်ဒေသခံတိုင်းရင်းသားများနှင့်သာမကပဲ တစ်မျိုးသားလုံး၏ လူမှုရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှုများ နှင့် ပါ ဆက်စပ်လျက်၇ှိကြောင်း ၊ စာတမ်းဖတ်ပွဲတွင် မော်လမြိုင်တက္ကသိုလ်သမိုင်းဌာန ၊ ဘူမိဗေဒဌာန ၊ ပထ၀ီ ဌာန နှင့် အရှေ့တိုင်းပညာတို့ မှ ပညာရှင်များမှ ဖတ်ကြားကြမည်ဖြစ်ပြီး မြို့ မိ မြို့ဖများ၏ ပူးပေါင်းကူညီဆောင်ရွက်မှုများဖြင့် ကျယ်ပြန့်စွာကျင်းပသွားမည် ဖြစ်ရာစိတ်ပါဝင်စားသူ သုတေသီများ သမိုင်းပညာရှင်များအနေဖြင့်လည်း ပါဝင် ဖတ်ကြားနိုင်ရေး ဖိတ်ခေါ်ထားကြောင်းသိရသည်။
From -HotNewsJournal

No comments:

Post a Comment