Saturday, September 29, 2012

နွေရာသီ ရန်ကုန်မီးမပျက်ရန် ဂျပန်ကူမည်

ယခုနှစ်ကုန်မှစ ကြုံတွေ့ရတော့မည်မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးကပြောသည်။ "ဂျပန်ကမီးစက်၁၃လုံးပေးသွားမယ်လို့သဘောတူထားပြီးဖြစ်တယ်။မီးစက်တလုံးကိုလျှပ်စစ်ဗို့အား၄၀၀ထွက်ရှိ နိင်၍ပြည်တွင်းတွင် အသုံးပြုနေသော ထရန်စဖော်မာ တစ်လုံး၏လျှပ်စစ်ထွက်ရှိမှု ထက်၂ဆနီးပါးပို ထွက်မည်ဖြ စ်ကြောင်း၊မီးစက်တလုံး၏တန်ဖိုးမှာ ကန်ဒေါ်လာ၁၀သန်းခန့်ရှိကြောင်း၊နွေရာသီ ရန်ကုန်မြို့လျှပ်စစ်မီး မပျက်စေရေး အတွက်ဂျပန်နိင်ငံမှကူညီမည်ဖြစ်၍အဆိုပါမီးစက်များကို ရန်ကုန်တိုင်းဒေသကြီး တစ်ခုထဲအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်းလျှပ်စစ်ဝန်ကြီးဌာနမှဦးဆောင်ညွှန်ကြားရေးမှူးဦးမြင့်အောင် ကပြောသည်။မီးစက် များကို လှော်ကား၊သာကေတ၊အင်းစိန်၊ရွာမနှင့် အလုံစသည့် သဘာဝဓါတ်ငွေ့စက်ရုံများတွင် ထားရှိသွားမည်ဟု သိရသည်။ 

From- Popular Myanmar News Journal

No comments:

Post a Comment