Wednesday, September 26, 2012

အာလူး၊ ကြက်ဥနှင့် တူနာငါးသုပ်

သင် ဝိတ်လျှော့ နေပါသလား၊ ဝိတ်လျှော့ချင်လို့ စားချင်တာ မစားရဘဲ စိတ်ညစ် နေပါသလား။ အရသာလည်းရှိပြီး ဝိတ်လျှော့ခြင်းကို အထောက်အကူပေးမယ့် နေ့လယ်စာ တစ်မျိုးကို ဖော်ပြပေးပါ့မယ်။ ကယ်လိုရီ အနည်းငယ်သာ ပါဝင်တဲ့ ယခုဟင်းလျာကို The 21-Day Wonder Diet စာအုပ်မှ ထုတ်နုတ် တင်ပြ လိုက်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ရင်း၊ အစားအသောက်လည်း ပုံမှန်ထိန်းရင်းနဲ့ ကိုယ်လိုချင်တဲ့ အိပ်မက်ကို မက်ခွင့်ရပါစေ။



ပါဝင်ပစ္စည်း (လူနှစ်ယောက်စာ)


ဆား အနည်းငယ်၊ ပေါ်ခါစ အာလူး အသေးစား ခြောက်လုံး (၁၅ ကျပ်သာခန့်)၊ ဗိုလ်စားပဲ (အမျှင် ထုတ်ထားရန်) ခြောက်ကျပ် သားခန့်၊ အဆီ ထုတ်ထားသော ဒိန်ချဉ် ထမင်းစားဇွန်း နှစ်ဇွန်း၊ သံပရိုသီး အခွံ (ခြစ်ထားရန်) လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ သံပရိုရည် လက်ဖက် ရည်ဇွန်း နှစ်ဇွန်း၊ တူနာ ဆီသွတ်ဘူး (အသားမွှထားပြီး အရည်စစ် ပစ်ပါ) ၁၂ ကျပ်သားခန့်၊ ကြက်သွန်မြိတ် (ပါးပါးလှီး) သုံးပင်၊ နံနံပင် (ပါးပါးလှီး) ထမင်းစားဇွန်း တစ်ဇွန်း၊ ကြက်ဥပြုတ် (လေးစိတ် စိတ်ထားပါ) နှစ်လုံး။


ပြုလုပ်နည်း


၁။ အာလူးနှင့် ဗိုလ်စားပဲများ ကျက်အောင် သတ်သတ်စီ ခွဲ၍ပြုတ်ပါ။ ပြီးလျှင် ရေထဲမှဆယ်ပြီး အအေးခံထားပါ။

၂။ တစ်ချိန်တည်းမှာပင် ဒိန်ချဉ်၊ သံပရိုခွံ၊ သံပရိုရည်နှင့် ဆားတို့ကို ဇလုံထဲတွင် ရောစပ်ပါ။

၃။ အာလူးပြုတ်ကို အခွံခွာ၍ လေးစိတ် စိတ်ပြီး တူနာ၊ ကြက်သွန်မြိတ်၊ နံနံပင် တို့နှင့်အတူ ယခင်က ရောစပ်ထားသော ဒိန်ချဉ် ဇလုံထဲသို့ ထည့်မွှေပါ။ နောက်ဆုံးတွင် ကြက်ဥ စိတ်လေးများကို အပေါ်မှ တင်၍ သုံးဆောင်နိုင်ပါပြီ။


မှတ်ချက်။ ။ ဤအသုပ်ကို ထမင်း၊ ပေါင်မုန့်စသည့် မည်သည့် အရာနှင့်မျှ မတွဲဘဲ သုံးဆောင်ရမည် ဖြစ်ပါသည်။


လူတစ်ယောက်စာတွင် ပါဝင်သော အာဟာရ -


အဆီစုစုပေါင်း = ၂.၅ ဂရမ်၊

ပြည့်ဝဆီ = ၂.၄ ဂရမ်၊

ကယ်လိုရီ = ၂၇၅ ကယ်လိုရီ၊

ကာဗိုဟိုက်ဒရိတ် = ၁၈.၉ ဂရမ်၊

အသားဓာတ် ၃ဝ.၇ ဂရမ်၊

အမျှင်ဓာတ် = ၃.၉ ဂရမ်


ဆွေဇင် (ဆေး-၁)

By Good Health

No comments:

Post a Comment