Wednesday, September 19, 2012

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် ထောက်ခံနေသမျှ နောက်ကြောင်း မလှည့်နိုင်ဟု ဆို

မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်၌ တပ်မတော်၏ အပြည့်အ၀ ထောက်ခံ ပံ့ပိုးနေသမျှ နောက်ကြောင်း ပြန် လှည့်စရာ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြခံဥပဒေ တွင် လိုအပ်လျှင် တပ်မတော် က အစိုးရ အဖွဲ့ကို ထိန်းချုပ်နိုင်ခွင့်ပြုထားသော အချက်သည် ၎င်းအား စိတ် ဒုက္ခ အပေးဆုံး ကိစ္စဖြစ်သည်ဟု ပြောဆိုကြောင်း ယမန်နေ့က VOA ရေဒီယို သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၆ ရက်က စတင်၍ အမေရိကန်နိုင်ငံသို့ သွားရောက်ခြင်း ဖြစ်သည်။

No comments:

Post a Comment