လာမည့်နှစ်တွင်
မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံများသို့ သယ်ဆောင်
အသုံးပြုနိုင်သည့် Outbound Roaming System အသုံးပြုနိုင်တော့
မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းစနစ်ကို ၂၀၁၃ ခုနှစ်အတွင်း အကောင်အထည်ဖော် အသုံးပြုနိုင်ရန်အတွက် အာဆီယံနိုင်ငံများနှင့်လည်း ချိတ်ဆက်ဆောင် ရွက် သွားမည်ဖြစ်ပြီး
ယင်းနိုင်ငံများအပြင် ကိုရီးယား၊ ဂျပန် အစရှိ သည့် နိုင်ငံများနှင့်လည်း
ချိတ်ဆက်အသုံးပြုနိုင်ရန် သက်ဆိုင် ရာနိုင်ငံများ အချင်းချင်း
ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်သည်။
“ပြည်တွင်းက မိုဘိုင်းဖုန်းတွေကို ပြည်ပကို သယ်ဆောင်အသုံးပြုနိုင်အောင်
ဆောင်ရွက်နေပါပြီ။ လက်ရှိ အနေအထားမှာတော့ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေ
ညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲကို လက်ခံ ကျင်းပ မည်ဖြစ်ရာ နိုင်ငံစုံမှ လာရောက်ကြမည့်
ခရီးသွားများအတွက် အဆင်ပြေချောမွေ့မှု ရှိစေရန် ယခုကဲ့ သို့
ဆောင်ရွက်ရန်စီစဉ်ခြင်း ဖြစ်မည်ဟု မြန်မာ့အရေးလေ့လာသူတစ်ဦးက ပြောသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများ
သုံးစွဲနေသည့်စနစ်သည် ပြည်တွင်း၌သာ လှည့်လည်သုံးစွဲ၍ ရသည့်စနစ်ကိုသာ
အသုံးပြုနိုင်သေးကြောင်း သိရသည်။
ယင်းစနစ်နှင့် ပတ်သက်၍
အိုင်တီကျွမ်းကျင်သူ ကိုဝေဖြိုးက “ဒီစနစ်က ကျွန်တော်တို့ နိုင်ငံမှာ
လုပ်သင့်နေတာ ကြာပါပြီ။ အနီးစပ်ဆုံး ထိုင်းလိုနိုင်ငံမှာတောင်
ကြိုက်တဲ့နိုင်ငံရဲ့ ဆင်းကဒ်နဲ့ပြော ။ ပြောဆိုဆက်သွယ်လို့ ရတယ်။ နောက်ပိုင်း
ကျွန်တော်တို့လဲ ဒီစနစ်ရတော့မယ် ဆိုတော့ သူများ ဆင်းကဒ် ဝယ်သုံးဖို့
မလိုတော့ဘူးပေါ့” ဟု ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ထုတ်
ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
လာမည့်နှစ်တွင်
မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံများသို့ သယ်ဆောင်
အသုံးပြုနိုင်သည့် Outbound Roaming System အသုံးပြုနိုင်တော့
မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းစနစ်ကို ၂၀၁၃ ခုနှစ်အတွင်း အကောင်အထည်ဖော် အသုံးပြုနိုင်ရန်အတွက် အာဆီယံနိုင်ငံများနှင့်လည်း ချိတ်ဆက်ဆောင် ရွက် သွားမည်ဖြစ်ပြီး
ယင်းနိုင်ငံများအပြင် ကိုရီးယား၊ ဂျပန် အစရှိ သည့် နိုင်ငံများနှင့်လည်း
ချိတ်ဆက်အသုံးပြုနိုင်ရန် သက်ဆိုင် ရာနိုင်ငံများ အချင်းချင်း
ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်သည်။
“ပြည်တွင်းက မိုဘိုင်းဖုန်းတွေကို ပြည်ပကို သယ်ဆောင်အသုံးပြုနိုင်အောင် ဆောင်ရွက်နေပါပြီ။ လက်ရှိ အနေအထားမှာတော့ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေ ညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံ ကျင်းပ မည်ဖြစ်ရာ နိုင်ငံစုံမှ လာရောက်ကြမည့် ခရီးသွားများအတွက် အဆင်ပြေချောမွေ့မှု ရှိစေရန် ယခုကဲ့ သို့ ဆောင်ရွက်ရန်စီစဉ်ခြင်း ဖြစ်မည်ဟု မြန်မာ့အရေးလေ့လာသူတစ်ဦးက ပြောသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများ သုံးစွဲနေသည့်စနစ်သည် ပြည်တွင်း၌သာ လှည့်လည်သုံးစွဲ၍ ရသည့်စနစ်ကိုသာ အသုံးပြုနိုင်သေးကြောင်း သိရသည်။
ယင်းစနစ်နှင့် ပတ်သက်၍ အိုင်တီကျွမ်းကျင်သူ ကိုဝေဖြိုးက “ဒီစနစ်က ကျွန်တော်တို့ နိုင်ငံမှာ လုပ်သင့်နေတာ ကြာပါပြီ။ အနီးစပ်ဆုံး ထိုင်းလိုနိုင်ငံမှာတောင် ကြိုက်တဲ့နိုင်ငံရဲ့ ဆင်းကဒ်နဲ့ပြော ။ ပြောဆိုဆက်သွယ်လို့ ရတယ်။ နောက်ပိုင်း ကျွန်တော်တို့လဲ ဒီစနစ်ရတော့မယ် ဆိုတော့ သူများ ဆင်းကဒ် ဝယ်သုံးဖို့ မလိုတော့ဘူးပေါ့” ဟု ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:
Post a Comment