Monday, September 17, 2012

ရခိုင်သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းကို ရခိုင်အမျိုးသားများက ရန်ကုန် လေဆိပ်တွင်ကြိုဆို

စက်တင်္ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်သွားခဲ့သော ရခိုင်သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းကို ရခိုင် အမျိုးသား ၁၀၀ နီးပါးခန့်က ရန်ကုန် လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။

ကြိုဆိုရာတွင် ရခိုင် ရဟန်းတော်များ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အဖွဲ့ဝင်များ၊  ရခိုင်ဂီတ အနုပညာရှင်များ၊ လိုင်မြို့နယ်မှ ရခိုင်ရိုးရာ အမျိုးသမီး အကအဖွဲ့ဝင်များနှင့် ရခိုင်တိုင်းရင်း သား စာပေ ယဉ်ကျေးမူ အဖွဲ့မှ အဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။

“ ကြိုဆိုတာက လူပေါင်း ၁၀၀ နီးပါးခန့် ရှိမယ် ထင်ပါတယ်။ ဆရာက ညနေ ၃ နာရီမှာ ရောက်မယ်ဆိုတာကို ကျွန်တော်တို့က နေ့လည် တစ်နာရီ လောက်မှဘဲ သိတယ်။ ဆရာဟာ ရခိုင်သမိုင်းပညာရှင် တစ်ယောက်ဆိုတော့ သွားကြိုသင့်တယ် ဆိုပြီး ကျွန်တော်တို့ သုံးယောက် သွားကြိုကြတာ ဖြစ်ပါတယ်” ဟု ကိုယ်တိုင် သွားကြိုရာတွင် ပါဝင်ခဲ့သူ ရခိုင်မျိုးချစ် အဆိုတော် ကိုဝင်းကိုခိုင်က နိရဉ္စရာသို့ ပြောသည်။
သွားကြိုကြသည့် ရခိုင်ဂီတ အနုပညာရှင်များမှာ ကိုဝင်းကိုခိုင်၊ ကိုနေထက်လင်း၊ ကိုနီမင်းခိုင်နှင့် နောက် တစ်ဦးတို့ ဖြစ်ကြသည်။
“ ဒေါက်တာ ဆရာအေးချမ်းက ရခိုင်သမိုင်းနဲ့ ပတ်သက်ပြီး လေးးစား ဂုဏ်ယူထိုက်တဲ့ ပုဂိုလ် ဖြစ်ပါတယ်။ အခုဆိုရင် ဆရာကြီး  အေးကျော်လည်း ကွယ်လွန်သွားပြီဆိုတော့ ရခိုင်သမိုင်းနဲ့ ပတ်သက်ပြီး ကမ္ဘာနဲ့ ရင်ဘောင်တန်း ပြောဆိုနိုင်တဲ့  ဆရာတစ်ဦးဘဲ ကျန်ပါတော့တယ်။ ဒါကြောင့် ရခိုင်သမိုင်းနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ သူ ဖြစ်တဲ့ အတွက် သွားရောက်ကြိုဆိုရတာ ဖြစ်ပါတယ်” ဟု ကိုဝင်းကိုခိုင်က ပြောသည်။
ဒေါက်တာ အေးချမ်းအား သွားရောက် ကြိုဆိုရာတွင် ပိုစတာ ဆိုင်းဘုတ်များကို ကြိုဆိုသူများက ကိုင်ဆောင်ထားပြီး ဒေါက်တာ အေးချမ်း အဖရခိုင်ပြည်ကို ကယ်တင်ပါ ဆိုသော ဆိုင်းဘုတ်များလည်း ပါဝင်ကြောင်း သိရသည်။
ဒေါက်တာ အေးချမ်းသည်  အမေရိကန်နိုင်ငံတွင် နေထိုင်ပြီးဂျပန်နိုင်ငံ ကန်တ တက္ကသိုလ်တွင် သမိုင်း  ပါမောက္ခ တစ်ဦး အဖြစ် တာဝန် ထမ်ဆောင်နေသူ တစ်ဦး ဖြစ်သည်။



၁၉၉၀ ၀န်းကျင်က မြန်မာ ဒီမိုကရေစီ အရေး ဆောင်ရွက်ရာတွင် ပါဝင်မူဖြင့် စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်း မူကို ခံခဲ့ရကာ ထောင်နှစ်ရှည် ချမှတ်ခံခဲ့ရသည်။
ဒေါက်တာ အေးချမ်းသည် ရခိုင်နှင့် ပတ်သက်ပြီး သမိုင်း ဆောင်းပါးများနှင့် စာအုပ်တစ်ချို့ရေးသားခဲ့ပြီး ထိုအထဲတွင်  အင်္ဂလိပ်လို ရိုဟင်ဂျာ အရေးနှင့် ပတ်သက်ပြီး ခုခံ ချေပ ရေးသားထားသော Influx virus မှာ နာမည်ကြီးသည်။

From- narinjara

 

No comments:

Post a Comment