Friday, September 7, 2012

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အချက်အလက်ရှာဖွေရေးအဖွဲ့ မြန်မာနိုင်ငံသို့ ၁၀ ရက်ကြာ ခရီးရောက်ရှိ

From- 7Day News Journal
  
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC သည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ဒေသ ၌ ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာဝင်များအကြား အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေးမည့် အချက်အလက်ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။
ထိုအဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ၁၀ ရက်ကြာနေထိုင်မည်ဖြစ်ကာ ၎င်းတို့၏ ရှာဖွေတွေ့ရှိချက်များကို မကြာမီကျင်းပမည့် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တင်ပြရန် ပြင်ဆင်ထားသည်။ ယခုအဖွဲ့သည် OIC ၏ အထွေထွေအတွင်းရေးမှူးချုပ် အက်ကမယ်လက်ဒင် ဘီဆာနိုဂလူ၏ ခရီးစဉ်အကြို လာရောက်ခြင်း လည်း ဖြစ်သည်။

မြန်မာအစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးကိုကိုလှိုင်ကလည်း ၎င်းတို့အဖွဲ့၏ ခရီးစဉ်ကို ကြိုဆိုခဲ့ပြီး "ဒီခရီးစဉ်ဟာ အမြင်လွဲမှုတွေကို ရှင်းလင်းပေးနိုင်မှာပါ အစ္စလမ်ကမ္ဘာက ပူပန်မှုတွေ ဖော်ပြခဲ့ပါတယ်။ အဓိကအားဖြင့် သတင်းမှားတွေကြောင့် ဖြစ်ပါတယ်"ဟုပြောကြားသည်။

No comments:

Post a Comment