Tuesday, September 4, 2012

တောင်အာရှ နိုင်ငံများနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံရေးများ တိုးမြှင့်ရန် တရုတ်ဆန္ဒရှိ

တရုတ်နိုင်ငံသည် တောင်အာရှ နိုင်ငံများနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံရေး များအား တိုးမြှင့်ရန် ဆန္ဒရှိသည်ဟု တရုတ် ကာကွယ်ရေးဝန်ကြီး လျန်ကွမ် လီက ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၂ ရက် အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လျန်ကွမ်လီသည် သီရိလင်္ကာနိုင်ငံသို့ ငါးရက်တာ အလည်အပတ် ခရီးစဉ် အတွင်း တရုတ်-သီရိလင်္ကာ နှစ်နိုင်ငံ ကြားပူးပေါင်း၍ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များ လုပ်ဆောင်ခြင်းသည် ဒေသ တွင်းလုံခြုံရေးနှင့် တည်ငြိမ်မှုရှိရေး အတွက်သာ ရည်ရွယ်ကြောင်း လျန်က အခိုင်အမာ ပြောဆိုခဲ့သည်။

လျန်သည် သီရိလင်္ကာ နိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် အတွင်း သမ္မတ မဟင်ဒါရဂျာ ပက်ဆာနှင့်အတူ အခြားနိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံ ခဲ့သည်။ သီရိလင်္ကာ အစိုးရ သည် နိုင်ငံ အရှေ့ ဘက်နှင့် မြောက်ဘက် ရှိ ဒေသများတွင် စစ်ရေးဆိုင်ရာအခြေခံ အဆောက်အအုံများ တည်ဆောက်ရေး အတွက် တရုတ်နိုင်ငံမှ အကူအညီများ ရရှိရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment