လက်ပံတန်းတောင်
ကြေးနီစီမံကိန်းမှ လျော်ကြေးငွေမပေးဘဲ လယ်မြေသိမ်း ထားမှုနှင့် ပတ်သက်၍
လယ်သမား များဘက်မှ အကူအညီပေးနေသော ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်
တာဝန်ခံ ကိုဝေဠုအား သြဂုတ် ၃၁ ရက်နေ့ည ၈ နာရီခန့်တွင် မြင်းမူမြို့၌
အာဏာပိုင်များက ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ကိုဝေဠုသည် မုံရွာမှ ရန်ကုန်သို့ ကြေးနီစီမံကိန်းဝန်းကျင်မှ ရွာသား ၂ ဦးနှင့်အတူ သြဂုတ် ၃၁ ရက်နေ့ ည ၇ နာရီတွင် မုံရွာမြို့မှ ထွက်ခွာသော မုံရွာ-ရန်ကုန် ရွှေစင်စင်္ကြာကားနှင့် ထွက်ခွာလာစဉ် မြင်းမူမြို့သို့အရောက်တွင် လုံထိန်းအင်အား ၄၀ ခန့်က ကားကို ၀ိုင်းလိုက်ပြီး ဒေသအာဏာပိုင်များက ကားပေါ် သို့တက်ကာ ကိုဝေဠုအား ဖမ်းဆီးသွားကြသည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ပြောသည်။
စက်တင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဖမ်းဆီးမှုများ ရပ်စဲရန် လက်ပံတန်းတောင်ခြေ၌ လူအင်အား ၁၀၀၀ ကျော်က ကန့်ကွက်ဆန္ဒပြခဲ့သည်။
From:PPL new

No comments:
Post a Comment