Friday, September 14, 2012

ဂျပန်နှင့်ပိုင်နက်အငြင်းပွားရေပြင်သို့ တရုတ်စစ်သဘောင်္ ၆ စင်းဝင်ရောက်

ဂျပန်အစိုးရကဝယ်ယူရန်ကြိုးပမ်းလျက်ရှိသည့် တရုတ်နှင့်ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသော ကျွန်းများအနီးသို့ တရုတ်စစ်သဘောင်္ ၆ စင်းဝင်ရောက်သွားကြောင်း ဘီဘီစီ သတင်းတွင်ဖော်ပြထားသည်။အဆိုပါ ကင်းလှည့် စစ်သဘောင်္များသည် တရုတ်အခေါ် ဒိုင်အိုယု ဂျပန်အခေါ် ဆန်ကကု ဟုခေါ်သော ကျွန်းများတွင် တရားဥပဒေ စိုးမိုးမှုရှိစေရန် လှည့်လည်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။ အဆိုပါ ပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းများကို ဂျပန်လူမျိုးပိုင်ရှင်များ ထံမှ ဂျပန်အစိုးရက ဝယ်ယူရန်ကြိုးပမ်း ခဲ့ပြီးနောက် တရုတ်က ယခုကဲ့သို့စစ်သဘောင်္များစေလွှတ်လိုက်ခြင်းလည်းဖြစ် သည်။ လောလောဆယ် အချိန်တွင်အဆိုပါပိုင်နက်အငြင်းပွားကျွန်းများမှာ ဂျပန်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး တရုတ်နှင့်ထိုင်ဝမ် တို့ကလည်း အဆိုပါကျွန်းများကိုပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။

ယင်းဒေသစံတော်ချိန် ၆ နာရီ ၁၈မိနစ်တွင် တရုတ်စစ်သဘောင်္နှစ်စင်း စတင်ဝင်ရောက်လာခဲ့ပြီး ဒေသစံတော်ချိန် ၇ နာရီတွင်နောက်ထပ်စစ်သဘောင်္ ၄ စင်းထပ်မံဝင်ရောက်လာကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားသည်။
ထို့နောက် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က သတိပေးမှုပြုလုပ်ခဲ့ပြီးနောက် တရုတ်စစ်သဘောင်္နှစ်စင်းမှာ အဆိုပါပိုင်နက်အငြင်းပွားဧရိယာမှပြန်လည်ထွက်ခွါသွားကြောင်း၊ မည် သည့်အင်အားသုံးတိုက်ခိုက်မှုမျှ မ  ပြုလုပ်ခဲ့ကြောင်း ဂျပန်အစိုးရတာဝန်ရှိသူများကပြောကြားသည်။

တရုတ်စစ်သဘောင်္များအဆိုပါ ပင်လယ်ပြင်ဧရိယာသို့ရောက်ရှိသွားခြင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။တရုတ်နှင့်ဂျပန်တို့၏ အဆိုပါပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ ခေါင်းအေးအေး ထားဖြေရှင်းကြရန် လွန်ခဲ့သောရက်ပိုင်းအတွင်းက အမေရိကန် အစိုးရကတိုက်တွန်းထားသည်။
From- The Voice Weekly

No comments:

Post a Comment