Friday, September 14, 2012

သမဝါယမ အသင်းစု ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

နေပြည်တော် ပျဉ်းမနား မြို့နယ် သမဝါယမ အသင်းစု ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေး နှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်း အဝေးကို ယမန်နေ့ နံနက် ၉ နာရီက ပျဉ်းမနားမြို့ ဗိုလ်တောက်ထိန် လမ်းရှိ မြို့နယ် သမဝါယမ အသင်းစု ရုံး၌ ကျင်းပရာ သဘာပတိ အသင်းစု ဒါရိုက်တာ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့် အမှာစကား ပြောကြားခဲ့သည်။ 
ယင်းနောက် နေပြည်တော် သမဝါယမ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူး ဦးမောင်သောင်းနှင့် မြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သာ တို့က အမှာ စကား ပြောကြား သည်။
ဆက်လက်၍ ဒါရိုက်တာ အဖွဲ့ဝင် များမှ တာဝန် ရှိသူများက ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေး နှစ်အတွက် ဒါရိုက်တာ အဖွဲ့၏ လုပ်ငန်း အစီရင်ခံစာ၊ ဘဏ္ဍာရေး ရှင်းတမ်း၊ အမြတ်ခွဲဝေ စာရင်းများနှင့် အသင်းသား စာရင်းစစ်၏ အစီရင်ခံစာ တို့ကို ဖတ်ကြားရှင်းလင်း တင်ပြကြသည်။ ထို့နောက် ဒါရိုက်တာ အဖွဲ့က အသင်းသား စာရင်းစစ် များ၏ အစီရင် ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းများကို မှတ်တမ်းတင် အတည်ပြု ကြသည်။ ယင်းနောက် တက်ရောက်လာသော အသင်းဝင်များက မေးမြန်း အကြံပေး ဆွေးနွေးကြပြီး အသင်းဝင် များ၏ မေးမြန်းချက် များကို တာဝန် ရှိသူများက ပြန်လည် ဖြေကြားခဲ့သည်။ အဆိုပါ အရပ်ရပ် ဆိုင်ရာ အစည်းအဝေး ပွဲသို့ သဘာပတိ အသင်းစု ဒါရိုက်တာ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် နေပြည်တော် သမဝါယမ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်သောင်း၊ မြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီး အရာရှိ ဦးမြင့်သာ၊ ဒါရိုက်တာ အဖွဲ့ဝင် များနှင့် အသင်းဝင်များ တက်ရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

From- မြ၀တီ

No comments:

Post a Comment