Tuesday, September 4, 2012

ပြည်သစ်ညွှန့်ဝေ မြန်မာပြည်ရောက်ရှိ

စစ်အုပ်ချုပ်ရေး လက်ထက် ပြည်ပနိုင်ငံသို့ ထွက်ခွာခဲ့ ပြီး ပြည်ပ နိုင်ငံ တွင် အခြေစိုက်ကာ နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ် လျှက်ရှိ သည့် ပြည်သစ် ညွှန့်ဝေသည် ယနေ့ နံနက် ၈နာရီ ၅၀ မိနစ်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်း သိရသည်။နိုင်ငံတော် သမ္မတကြီး ဖိတ်ခေါ်မှုအရ လာရောက်ခဲ့ခြင်း ဖြစ် ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင် သွား ရန်ရှိကြောင်း ၄င်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

ယခင် စစ်အစိုးရ လက်ထက်၌ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ် အချို့နှင့် ပတ်သက်ပြီး ၄င်းအား တရားခံ အဖြစ် ယခင်စစ်အစိုးရ လက်ထက် တာဝန်ရှိသူများက စွပ်စွဲထားခဲ့သလို အဝေးရောက် ပြစ်ဒဏ်များလည်း ချမှတ်ထား ခဲ့သည်။ အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သို့ရောက်ရှိစဉ် ကာလအတွင်း ဖြေရှင်းသွားမည်မဟုတ်ကြောင်း ၄င်းက ပေါ်ပြူလာနယူးစ်၏မေးမြန်းမှုကိုဖြေကြားခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံတွင် ၂၈ ရက် ကြာနေထိုင်ခွင့်ရရှိထားပြီး နိုင်ငံတော်သမ္မတကြီးအပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိ သူများ၊နိုင်ငံရေးအဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့်တွေ့ဆုံသွားမည်ဟု သိရသည်။

No comments:

Post a Comment