Friday, September 14, 2012

မသွဲ့သွဲ့ဝင်းတို့ ဒီနေ့ လွတ်မည်

မသွဲ့သွဲ့ဝင်းတို့ကို ယနေ့ လွှတ်ပေးတော့မည် ၈၈မျိုးဆက် ကျောင်းသား   ခေါင်းဆောင် ကိုဂျင်မီက အဖမ်းဆီးခံ ထားရသည့် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့ကို ယနေ့တွင်ပြန် လွတ်ပေးဖွယ် ရှိကြောင်း ယနေ့၁နာရီခန့် တွင် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးနှင့် တွေ့ဆုံအပြီး ဧရာဝတီကို ပြောကြားခဲ့သည်။ “ဥပဒေကြောင်းအရလုပ်ထုံးလုပ်နည်းလေးတွေကနေ့လုပ်ပြီးရင်တော့ညနေပိုင်းလောက်တော့ ပြန်လွတ်မှာပါ။” ဟုကိုဂျင်မီကဆိုသည်။

မုံရွာမြို့ဂါတ်ကျောင်းအတွင်းရှိ လယ်သမားများကို ယနေ့တွင်သတင်းကောင်း ကြားရ မည်ဟု ပုလဲမြို့ပြည်သူလွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က စက်တင်ဘာ ၁၄ရက်နေ့ လာရောက်အားပေးစကားပြောခဲ့သည်။
သတင်း- ဂျေပိုင်
ဓါတ်ပုံ - ကိုအောင်နေမျိုး
From -ဧရာဝတီ

No comments:

Post a Comment