Tuesday, September 25, 2012

ရခိုင်ဒေသလူထုအစည်းအဝေးပွဲ စတငိကျင်းပ

ရခိုင်ဒေသလူထုအစည်းအဝေးပွဲသို့ ယနေ့မနက်(၁၀း၀၀)နာရီအရောက်တွင် လာရောက် နားထောင် သူပေါင်း ထောင်ကျော်လာသည်ကိုတွေ့ရသည်။
ခန်းမအတွင်းကိုယ်စားလှယ် (၃၅၀)ကျော် တက်ရောက်နေပြီး ခန်းမပြင်ဘက်ရှိ ယာယီမဏ္ဍာပ် များ၊ လေးဘက်လေးတန်ေ နရာကွက်လပ်များ ကျောင်းဆောင်များတွင်လူ (၁၀၀၀)ကျော်ခန့် ရှိလာကြ သည်။

ဟောပြောသူများမှာ သမိုင်းသုတေသီပညာရှင်များပီပီ ရခိုင်သမိုင်း၊ မြန်မာသမိုင်း၊ နိုင်ငံတကာ သမိုင်းများ ကျမ်းအကိုးအကားများဖြင့် အ
ချက်ကျကျတင်ပြနိုင်ကြသဖြင့် ရသေ့တောင်မြို့လူထုများ သာမက ကျေးလက်တောရွာများမှပါ ဆက်လက်လာရောက်နေကြသည်။
အထူးသဖြင့် ရခိုင်လူထုအနေဖြင့် ယခုအစည်းအဝေးမှ ရခိုင်တစ်မျိုးသားလုံး ငြိမ်းချမ်းစွာ ကိုယ့်မြေကိုယ့်ရေမှာ နေထိုင်နိုင်ရေးအတွက် ပြတ်သားသည့် ဆုံးဖြတ်ချက်ကိုချမှတ်နိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ရသေ့တောင်မှာ လာရောက်နားထောင်သူ ကျောင်းဆရာ ကိုသန်းတင် ကဆိုသည်။
လုံခြုံရေးအနေအထားမှာ တည်ငြိမ်လျက်ရှိပြီး လာရောက်သူများကလည်း စည်းကမ်းရှိရှိငြိမ်းချမ်း ငြိမ်သက်စွာ နားထောင်လျက်ရှိသည်။
သတင်းယူရန်ရောက်ရှိလာ သောမီဒီယာများမှာ- ယူနတီသတင်းဂျာနယ်၊ မြစ်မခ၊ ရခိုင်ပြည် နယ်သတင်းဂျာနယ်၊ စကိုင်းနက်(ရုပ်/သံ)၊RFA ၊ မဇ္ဈိမသတင်းဌာန၊ အာရ်ကန်တိုင်းမ်စ် သတင်းဌာန တို့မှ ပါဝင်သည်ကိုတွေ့ရသည်။ ပထမနေ့ အစည်းအဝေးပထမပိုင်းကို နေ့လည် (၁၁း၀၀)နာရီတွင် ခေတ္တရပ်နားပြီး၊ မွန်းလွဲ(၁း၀၀)နာရီ တွင် ဆက်လက်ကျင်းပမည်ဟု ကျင်းပရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ယနေ့မနက်(၇း၃၀)တွင် အခမ်းအနားအစီအစဉ်အရ ရခိုင်မင်္ဂလာစည်တော်တီး၍ ဦးစိန်သာမှ ဧကပိုဒ်ရတုကို သီဆိုကျူးရင့်ပြီး အခမ်းအနားစတင်ဖွင့်လှစ်ခဲ့သည်။ (၈း၀၀)တွင် သဘာပတိမှ အဖွင့်အမှာစကားပြောကြားကာ၊(၈း၁၅)တွင် ကျင်းပရေးကော်မတီ ဥက္ကဌက လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ (၈း၃၀)တွင် ဦးလှဘော်အောင်က ဦးဘိုမင်းဖြူ၏ သမိုင်းကပေးသော သင်္ခန်းစာစာတမ်းကို ဖတ်ကြားသည်။ (၈း၄၅)တွင် ဦးသိန်းမောင်မှ ရသေ့ တောင်မြို့နယ်မှ စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တင်ပြသည့်စာတမ်းကို ဖတ်ကြားသည်။
ဦးမောင်ကျော်မြင့်က ဦးမောင်ဘသိန်း(စစ်တွေ)၏ ကိုလိုနီဆိုးမွေခံ ရခိုင်ပြည်နယ်နှင့် စစ်တ ကောင်းသားတို့၏ နယ်သစ်ချဲ့ရေးထကြွမှုစာတမ်းထဲမှ ကောက်နှုတ်ချက်ကို ဖတ်ကြားတင်ပြသည်။
နောက်ပိုင်းတွင် ယနေ့(၁၄)ဦးဆက် လက်စာတမ်းဖတ်ကြားမည်ဟု သိရသည်။ (၈း၄၅)ထိ အခမ်းအနားသို့ လူ(၅၀၀)ကျော်တက်ရောက်ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင် (၁၀)ခန့်ရောက်ရှိသည်။ မနက်ပိုင်းရာသီဥတုမှာ နေသာလျက်ရှိသည်။
 
From-Rakhine Straight Views

No comments:

Post a Comment