Monday, September 17, 2012

နှစ် ၄၀ ကျော်အတွင်း ပထမဆုံ အမျိုးသမီး သံအမတ် ခန့်အပ်

နိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ရှိ ဒေါ်ယဉ်ယဉ်မြင့် ဆိုသူ အမျိုးသမီးကို ဘရူနိုင်း ဒါရုဆလမ် နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် သမ္မတ ဦးသိန်းစိန်က ခန့်အပ်လိုက်ကြောင်း ယမန်နေ့က အစိုးရ သတင်းစာများတွင် ဖော်ပြသည်။ ဒေါ်ယဉ် ယဉ်မြင့် သည် နိုင်ငံခြားရေး ဝန်ကြီးဌာန လေ့ကျင့်ရေး၊ သုတေသနနှင့် နိုင်ငံခြားဘာသာ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်ပြီး အိန္ဒိယ နိုင်ငံဆိုင် ရာ မြန်မာသံအမတ် အဖြစ် ခန့်အပ်ခံရသော ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်ပြီးလျှင် နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံး အမျိုးသမီး သံအမတ် အဖြစ် ခန့်အပ်ခံရခြင်း ဖြစ်သည်။ ဒေါ်ခင်ကြည် ၁၉၆၀ မှ ၁၉၆၇ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

From- ဧရာဝတီ

No comments:

Post a Comment