Wednesday, September 5, 2012

ဝန်ကြီးဌာနများပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဝန်ကြီးများတိုးမြှင့်ခန့်ထားခြင်း

ဝန်ကြီးဌာနများပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဝန်ကြီးများတိုးမြှင့်ခန့်ထားခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်ကိုးဦးဆွေးနွေးကြရာ ဦးဘရှိန်၊ ဒေါက်တာမြတ်ဥာဏစိုး နှင့် ဦးခိုင်မောင်ရည်တို့က သမ္မတရုံးဝန်ကြီး ခြောက်ဦးထိတားရှိခြင်းမှာ မလိုအပ်ဘဲများပြားလှကြောင်း ကန့်ကွက်ဆွေးနွေးခဲ့ ကြသည်။ "အပြောင်းအလဲလုပ်တာကိုထောက်ခံတယ်။ အပေါင်းလက္ခဏာဆောင်ပါတယ်။ အသစ်ဝင်လာတဲ့သူတွေ ကိုလည်း ကြိုဆိုပါတယ်။ ဒါပေမယ့်တစ်နေရာတည်းမှာသွားပုံမနေစေချင်ဘူး"ဟု ကန့်ကွက်ဆွေးနွေး ခဲ့သူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က The Voice Weekly သို့ပြောကြားသည်။

နိုင်ငံတော် သမ္မတက အဆိုပြုထားသော ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ ပြင်ဆင် ဖွဲ့စည်းခြင်း၊ ပြည်ထောင်စု ဝန်ကြီးများ ပြောင်းရွှေ့ ခန့်အပ်ခြင်းကို ထောက်ခံမဲ ၅၀၇ မဲ၊ ကန့်ကွတ်မဲ ၄၉ မဲ၊ ကြားနေမဲ ၄၀ ဖြင့် အတည်ပြုလိုက်ကြောင်း အဆိုပါ လွှတ်တော် အစည်းအဝေးသို့ တက်ရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

No comments:

Post a Comment