Friday, September 7, 2012

ကွယ်လွန်သူ ခူတူရယ်၊ ကရင်နီ သာသနာနှင့် ယဉ်ကျေးမှုဌာန ညွှန်ကြားရေးမှူး၏ ကိုယ်ရေးရာဇဝင် အထုပ္ပတ္တိအကျဉ်း

From- ကန္တာရဝတီတိုင်း(မ်) 

ခူတူရယ်သည် အဘ ခူပါးရယ်၊ အမိ မိုင်းမူတို့မှ ၁၉၄၇ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ကရင်နီပြည်၊ ဒီးမော ဆိုမြို့နယ်၊ သေးဆိုလဲကျေးရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်း (၆)ဦး ရှိသည့်အနက် အကြီးဆုံး သား ဖြစ်သည်။
ခူတူရယ်သည် ငယ်စဉ်အရွယ်ရောက်သည့် အချိန်မှစ၍ လွိုင်ကော်၊ အထက (၁) ကျောင်းတွင် အလယ်တန်း ပညာအထိ ပညာသင်ကြားခဲ့သည်။

ကရင်နီခုခံတော်လှန်ရေးသို့ ၁၉၆၇ ခုနှစ်မှစ၍ ဆေးမှူး၊ မြို့နယ် ဥက္ကဌ၊ ခရိုင် ဥက္ကဌ၊ စာပေနှင့် ယဉ်ကျေးမှု ဌာန ဝန်ကြီး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုတိယဥက္ကဌ အစရှိသည့် ခုခံတော်လှန်ရေး တာဝန်များ ကို အဆင့်ဆင့် တာဝန်ယူထမ်းဆောင်ခဲ့သည်။
၁၉၈ဝ ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ဗဟိုကော်မီတီဝင်တာဝန်ကို စတင်ထမ်းဆောင် ခဲ့ပြီး ၁၉၈၅ ခုနှစ်၊ ဒုတိယအကြိမ်မြောက် ပါတီကွန်ကရက်တွင် ပါတီ၏ ဒုတိယဥက္ကဌ တာဝန်ကို ပေး အပ်ခြင်း ခံခဲ့ ရသည်။
၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ကရင်နီအစိုးရ၊ စာပေနှင့် ယဉ်ကျေးမှုဌာနတွင် ဌာနဝန်ကြီးအဖြစ် ၄ နှစ် တာ တာဝန်ကို ထမ်းဆောင်ခဲ့သည်။
ခုခံတော်လှန်ရေးကာလအတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌကြီး၊ ခူထဲဘူးဖဲနှင့် တွဲဖက်၍ ကရင်နီစာပေပြန့်ပွားရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။
၂ဝဝ၉ ခုနှစ်မှစတင်၍ ကရင်နီအစိုးရ၊ သာသနာနှင့် ယဉ်ကျေးမှုဌာနတွင် ညွှန်ကြားရေးမှူး တာဝန်ကို ကွယ်လွန်သည့် နောက်ဆုံးအချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့မှစ၍ လူကြီးရောဂါဖြင့် လွိုင်ကော် စစ်ဆေးရုံတွင် ဆေးကုသခံယူရင်း ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့၊ နံနက် (၁ဝးဝဝ)နာရီတွင် ဆုံးပါးသွားခဲ့သည်။
ကွယ်လွန်ခဲ့ပြီး နောက် ဇနီး နော်ဖဲရှာ၊ သမီး ဦးမယ်နှင့်အတူ မြေး (၃)ဦး ကျန်ရစ်ခဲ့သည်။

No comments:

Post a Comment