Saturday, September 8, 2012

"ရှမ်းပြည်နယ် ဖယ်ခုံ ဘိုးဘွားပိုင် ယာမြေများတွင် သစ်မာပင် စိုက်ပျိုးခြင်းမှာ ၀န်ကြီးဌာန၏ စီမံကိန်း အကောင်အထည်ဖော်ခြင်းသာဖြစ်သည်ဟု ဆို"

From- Popular Myanmar News Journal

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်မိုးကျေးရွာမှ ဘိုးဘွားပိုင် ယာမြေများကို တက်လမ်းကုမ္ပဏီမှ သိမ်းယူ၍ သစ်မာပင်များ စိုက်ပျိုးနေခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၏ စီမံကိန်းအကောင်အထည်ဖော်ခြင်းသာဖြစ်ကြောင်း ၄င်းဒေသ၌ ပရဟိတလုပ်ငန်းများကို တာဝန်ယူ လုပ်ကိုင်ပေးနေသော တက်လမ်းကုမ္ပဏီ တာဝန်ခံ ဦးသော်ဟိန်းက ပြောသည်။ ဖယ်ခုံဒေသသည် အင်းလေးကန် ရေဝေရေလဲဒေသတွင် ပါဝင်ပြီး သဘာဝသစ်တောပြုန်း တီးခြင်း၊ မြေဆီလွှာများ တိုက်စားနေသည့်အတွက် မိုးဗြဲဆည်သည် နှစ်အနည်းငယ်အတွင်း တိမ်ကောလာနို င်၍ ပတ် ၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ စီမံချက်နှင့် လုပ်ဆောင်နေသော ပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းစဉ်တါင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ၄င်းဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ဖယ်ခုံ၊ မိုးဗြဲကျေးရွာအုပ်စု ခေါင်းမိုင်းကျေးရွာမှ ယာမြေဏက ၁၂၀ ကို တက်လမ်းကုမ္ပဏီမှ ဒေသ ခံများထံ ကြိုတင်အကြောင်းကြားခြင်း၊ ညှိနှိုင်းခြင်းမရှိဘဲ သစ်မာပင်များ စိုက်ပျိုးခဲ့ကြောင်း ယာမြေပိုင်ရှင်များ က ပြောကြား၍ သြဂုတ် ၂၁ ရက်တွင် တက်လမ်းကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ခေါင်မိုင်းကျေးရွာသားတို့ ညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလောရင်းထံ စက်တင်ဘာ ၈ ရက်က ဖုန်းဖြင့် ဆက်သွယ်မေး မြန်းရာ “ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားပါတယ်။ ပြန် ကျ မကျဆိုတာကတော့ ကျွန်တော် လည်း နေပြည်တော် ကို ရောက်နေလို့ မသိရသေးပါ။ စက်တင်ဘာ ၁၂၊ ၁၃ လောက် ပြန်ရောက်ရင်တော့ သိရမှာပါ။ တက်လမ်းကုမ္ပဏီနဲ့လည်း ညှိနှိုင်းဖို့ ရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ဆက်လက်ဆောင် ရွက်သွားမှာပါ”ဟု ဖြေကြားသည်။

တက်လမ်းကုမ္ပဏီအနေဖြင့် ပရဟိတကျောင်း၊ ဆေးရုံများ တစ်ဆက်တစ်စပ်လုပ်ငန်းများလည်း ရှိသဖြင့် ပူးတွဲ၍ သစ်တောစိုက်ခင်းများကိုလည်း တစ်ပါတည်း လုပ်ကိုင်မည်ဆိုပါက ဒေသခံများကိုလည်း ပံ့ပိုး နိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်စီမံကိန်း၏ စည်းကမ်းဥပဒေနှင့်အညီ လုပ်ကိုင်ပေးခြင်းသာဖြစ်ကြောင်း၊ လုပ်ငန်း လုပ်ကိုင်နေစဉ် အနီးအနားရှိ ရွာများမှ ရွာသားတချို့က အဆိုပါ ယာမြေများသည် ၄င်းတို့ ဘိုးဘွားပိုင်မြေ များ ဖြစ်ကြောင်း ပြောကြားသဖြင့် သစ်မာပင်များ စိုက်ပျိုးခြင်းကို ရပ်ဆိုင်းထားပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ ပြန်လည်တင်ပြထားကြောင်း ၄င်းကုမ္ပဏီမှ ဦးသော်ဟိန်းက ဆိုသည်။

No comments:

Post a Comment