လွန်ခဲ့သည့် အနှစ် ၅၀ ကျော် မြန်မာ့ပညာရေးစနစ်သည် အရှေ့တောင်အာရှတွင်
ထိပ်ပိုင်းတစ်နေရာဝယ် ရှိခဲ့သော်လည်း ယခုအချိန်တွင် စင်္ကာပူ၊ မလေးရှား၊ ထိုင်း တို့နောက်ရောက်နေ၍ မြန်မာ့ပညာရေးမှာ အောက်ကျနောက်ကျ ဖြစ်နေရကြောင်း
ကုန်သည် စက်မှုအသင်းချုပ် လစဉ် ဟောပြောပွဲတွင် မြန်မာနိုင်ငံ ဘူမိသိပ္ပံ
အသင်းမှ ဒေါက်တာဦးသိန်းက “အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော
မြန်မာနိုင်ငံ ပညာရေး စနစ်"ဟူသည့်ခေါင်းစဉ်အဓိကအားဖြင့် ပညာရေးမြှင့်တင်ရန်လိုအပ်နေ
၂၀၁၂ မှ ၂၀၁၅ အထိ ရေတိုပြုပြင်ပြောင်းလဲရန်အတ
ကျောင်းသား များပြီး ဆရာနည်းကာ ဓါတ်ခွဲခန်းပစ္စည်း ကိရိယာများ အလွန်နည်းပါးနေပြီး လက်တွေ့များနှင့် ကျူတိုရီယယ်များကောင်းစွာ မလုပ်နိုင်ဘဲ အဖြစ်သာ ကူးရေးတင်မှုများအတွက် အမှတ်များမပေးသင့်ပဲ လက်တွေ့တန်း စာမေးပွဲစနစ်ကိုပြန်လည် အကောင်အထည်ဖော်သင့်ကြောင်း သိရသည်။
သင်ကြားရေးစနစ် ကိုလည်း ( ဒါသင် ၊ ဒါကျက် ၊ ဒါမေး ၊ ဒါဖြေ ) စနစ်ကို ပယ်ဖျက်၍ အ.ဆ.ည မှအဆိုပြုတင်ပြထားသော အယူအဆဦးစားပေးသင်ကြားရေး ( Conceptual Teaching )ကို စတင်ကျင့်သုံးရန် ၊ 20 % အမှတ်ကို အစားထိုးမည့် လေ့လာလုပ်ဆောင် တင်ပြချက်များ(assignments)
ဆရာ၊ ဆရာမ များ အရည်အသွေးကို မြှင့်တင်ပေးရန် နှင့် ကျူရှင် ရောဂါဆိုး အဂတိလိုက်စားမှုများကို ပပျောက်အောင် စတင်လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း စာမေးပွဲများတွင် မသမာမှုများ ပပျောက်ရေးအားအလေးထား သင့်ကြောင်း ပြောကြားခဲ့သည်။တက္ကသိုလ်မျာ
ဟောပြောပွဲသို့ ပရိသတ် ၅၀၀ ကျော်မျှတက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment