Monday, September 10, 2012

ပြည်သူ့ရဲနဲ့ လူငယ်ပူးပေါင်းပြီး ၁၅ သိန်းဖိုး ပစ္စည်းခိုးယူသူ ဖမ်းဆီးအရေးယူ


ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့က ချင်းပြည်နယ် မြို့တော်ဟားခါးတွင် ဆိုင်ကယ် နှစ်စီး ၊ ငွေသား တသိန်း၊ မိုဘိုင်းဖုန်း ကာလတန်ဖိုး ကျပ်ငွေ ၁၅ သိန်းတန် ခိုးယူသူ ဟားခါးမြို့ဟောင်းရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ်ရှိသူ Ngun Ling  ဆိုသူအား ပြည်သူ့ရဲနှင့် ရပ်ကွက် လူငယ်များပူးပေါင်းပြီး ဖမ်းဆီးနိုင် ခဲ့သည်ဟု သိရသည်။

တရားခံသည် သြဂုတ်လ ၂၆ ရက်နေ့ညက ဟားခါးပြည်သူ့ဆေးရုံမှ အတွင်းလူနာဖြစ်သူ  Pi Dawt Nu ၏ ကျပ်ငွေ တသိန်းကို ခိုးယူခဲ့ပြီး သြဂုတ်လ ၂၉ ရက်နေ့တွင် ဖော်ပြပါ ဆိုင်ကယ် နှစ်စီးနှင့် မိုဘိုင်းဖုန်း ကို ခိုးယူခဲ့ကြောင်း ဒေသထုတ် The Hakha Post တွင် ဖော်ပြထားသည်။
ဖြစ်စဉ်မှာ တရားခံ ငွန်လင်းသည် သြဂုတ်လ ၂၉ ရက်နေ့ ည မှောင်စပျိုးချိန်တွင် မြို့ဟောင်းရပ်ကွက်နေ Pu Cung Hup အိမ် ပြူတင်းမှန်ကို ခွဲပြီး ဆိုင်ကယ်သော့ကို ယူကာ ဆိုင်ကယ်ကို ခိုးယူပြီး တဆက်တည်း ပြည်သူ့ဆေးရုံကို ပြန်သွားကာ လူနာစောင့်သူ Lian Mang ၏ လက်ဆွဲအိတ်ကို ခိုးယူပြီး အထဲက ဆိုင်ကယ်သော့နဲ့ မိုဘိုင်းဖုန်းကို ပြန်လည်ခိုး ယူခဲ့ သည် ဟု သိရသည်။
ငွန်လင်းသည် သူ့အကိုက ဆိုင်ကယ်ကို ယူခိုင်းထားကြောင်း ပြောသဖြင့် ဆေးရုံ တာဝန်ကျနှစ်ဦးက လည်း ဆိုင်ကယ်ကို ၀ိုင်းရှာပေးသေးကြောင်း ထပ်ဆိုသည်။
တရားခံကို သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀း၀၀ နာရီခန့်တွင် ဒေသခံပြည်သူ့ရဲများနှင့် လူငယ်များ က ဖမ်းဆီး စစ်ဆေး ရာမှ အမှုမှန်ဖော် ထုတ်နိုင် ခဲ့ခြင်းဖြစ်သည်။
တရားခံအား ဥပဒေပုဒ်မ ၃၈၀၊ ၃၇၉၊ ၄၅၆ အသီးသီးဖြင့် အမှုဖွင့် အရေးယူထားကြောင်း၊ တရားလို ဖက်က မကြေအေး နိုင်ပါက ထောင်ဒါဏ် ၁၀ နှစ် ကျခံနိုင်ကြောင်း သိရသည်။

 From - khonumthung 

No comments:

Post a Comment