Thursday, September 6, 2012

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို နုတ်ထွက်ခွင့်ပြု

From- The Voice Weekly
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ၄င်းတို့၏ သဘောဆန္ဒ အလျောက် နိုင်ငံတော် သမ္မတကြီးက ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ယနေ့ည ၈ နာရီသတင်း တွင် ကြေညာလိုက်သည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းသော ကော်မတီနှင့် ကော်မရှင်များကို ပြည်ထောင်စုအဆင့်မဟုတ်ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့် ယင်းခုံရုံအား အခြေခံဥပဒေပါ ပြဌာန်းချက်ကို ဖောက်ဖျက်ခြင်း ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းများကြောင့် စွပ်စွဲပြစ်တင်ခဲ့သော အမျိုးသားလွှတ်တော်၏ အဆိုကို ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည့် နေ့တွင်ပင် ယင်းသို့ နုတ်ထွက်ခွင့်ပြု လိုက်ခြင်းဖြစ်သည်။

No comments:

Post a Comment