Thursday, September 6, 2012

ချမှတ်ထားသည့်စည်းကမ်းများ တရားမျှတမှုမရှိ၍ ပြုပြင်ပေးရန် အဌားယာဉ်မောင်းများတောင်းဆို

 From- Popular Myanmar News Journal
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အဌားယာဉ်မောင်းများမှ ၎င်းတို့ အပေါ်ချမှတ်ထားသည့်စည်းကမ်းများသည် တရားမျှတမှုမရှိ၍ ပြုပြင်ပေးရန်တောင်းဆိုကြောင်း မီဒီယာရှင်းလင်းပွဲပြုလုပ်သည်။

ထိုရှင်းလင်းပွဲကို ဒဂုံမြို့နယ်စိန်ဂျွန်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အဌားယာဉ်လုပ်ငန်း အလုပ်ရုံဝန်း၌ ယနေ့နံနက်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
" ကျွန်တော်တို့ကို ထုတ်ထားတဲ့ စည်းကမ်းချက်အချို့ ကယဉ်မောင်းတွေအတွက်နစ်နာတယ်။ကျွန်တော်တို့ပြုပြင်ပေးစေချင်တဲ့အချက် (၈) ချက်ကို စာတင်ထားတယ်။" ဟု ယာဉ်မောင်း ဦးအောင်မောင်းကပြောသည်။
၎င်းတို့ အနေဖြင့် ထိုကဲ့သို့တောင်းဆိုခဲ့သည်မှာ နှစ်ကြီမ်ရှိပြီဖြစ်ပြီဖြစ်သောလ
ည်း ယခုအချိန်ထိအကောင် အထည်ဖော်ခြင်းမရှိသေးကြောင်း ပြောသည်။
ကားပြင်ရာတွင် စရိတ်သုံးပုံနှစ်ပုံ ကျခံပေးသည်ဟုဆိုသောလည်း အမှန်တကယ်ပြင်ပပေါက်ဈေးအတိုင်း
တွက်ချက်၍ မပေးကြောင်း ထို့အပြင်ယာဉ်ပြုပြင်ရန်ခွင့်ပြုပေးထားသည့် ရက်အလွန်နည်းပါးကြောင်း၎င်းက ဆက်ပြောသည်။
လက်ရှိအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ
်ရေးဝန်ကြီးဌာနလက်အောက်တွင် အဌားယာဉ် ၂၃၅ စီးရှိကြောင်းသိရသည်။

ရန်နိုင်

No comments:

Post a Comment