Friday, September 14, 2012

ခရီးသည်များ စိတ်ချမ်းသာရေးမီးရထားဘူတာရုံတိုင်းမှာ တာဝန်အပြည့်အ၀ယူသင့်ပြီ

မြန်မာ့မီးရထားပို့ဆောင်ရေး ၀န်ကြီးဌာန၏ အဓိက ဦးတည် ချက်ဆောင်ပုဒ်တွင် ““ခရီးသည် များ စိတ်ချမ်းမြေ့စေရေး””တာဝန် တစ်ရပ်ကိုဖော်ဆောင်ထားသည်။ ရုံးခန်းထဲက နံရံမှာ ရေးသား ထား သော စာတန်းကလေးက မီးရ ထားဝန်ထမ်းအားလုံး၏ ရင်ထဲ နှလုံးသားထဲတွင် စွဲငြိသင့်သည်။

မြန်မာ့မီးရထားမှ ရထား များအချိန်မှန်ရေး၊  လမ်းပိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေး၊ ခရီးသွား ပြည်သူများ အဆင်ပြေလွယ်ကူ ရေး၊ စက်ခေါင်းများ စက်ပိုင်းဆိုင် ရာကြံ့ခိုင်ကောင်းမွန်ရေးသည် ရည်မွန်ကောင်းမြတ်သော ဦး တည်ချက်များကို အစဉ်ဦးထိပ် ပန်ဆင်သင့်ပါသည်။
နိုင်ငံတော်အစိုးရသစ်လက် ထက် မီးရထားခများ သုံးဆ တက်သွားသော်လည်း မသွားမ ဖြစ်သွားနေကြရသော အများစု မှာက မြန်မာ့မီးရထားလမ်းပိုင်းကို သာ အားကိုးနေကြရသည်။
ရထားများ အချိန်တိတိကျ ကျ ဆိုက်ရောက်ရေး၊ ထွက်ခွာ ရေးသည် လွန်စွာအရေးကြီးသည်။ရထားလမ်းပိုင်း ကြံ့ခိုင်မှုမရှိ၊ ပြု ပြင်ထိန်းသိမ်းရမည့် ရထားလမ်း ပိုင်းအလိုက် ၀န်ဆောင်စရိတ်ကို တိတိကျကျ အသုံးမပြုပဲ သံလမ်း အုပ်နှင့် ၀န်ထမ်းတချို့က ငွေ ကြေးအလွဲသုံးစားမှု၊ မိမိကိုယ်ပိုင် အိတ်ထဲသို့ နိုင်ငံတော်ဘဏ္ဍာငွေ များ ကိုယ်ကျိုးအသုံးပြုမှုကြောင့် ရထားလမ်းပိုင်းကြံ့ခိုင်မှုမရှိသည် ကို ပစ်ထား၍ မရပါ။ သက်ဆိုင် ရာမှ စီစဉ်ဆောင်ရွက်သင့်ပါပြီ။
ကျောက်ချရမည့် သံလမ်း ပိုင်းများကို လမ်းပိုင်းအလိုက် စီစစ်မှုကြပ်မတ်မှုပြုလာပါက မီးရ ထားစက်ခေါင်းများ သတ်မှတ် နှုန်းအတိုင်း ပြေးဆွဲနိုင်ပါမည်။
မိုးရာသီရထားလမ်းပိုင်းများ အခြေအနေကြောင့် မီးရထား စက်ခေါင်းများက သတ်မှတ်နှုန်း ထက်လျှော့၍ ပြေးဆွဲရာ ဘူတာ စဉ်ရထားဆိုက်ရောက်ချိန်နောက် ကျခြင်းသာဖြစ်ပါသည်။
““မန္တလေး-ရန်ကုန် ရထား လမ်းပိုင်း၌ သတ်မှတ်ချိန် ရထား တိတိကျကျ ဆိုက်ရောက်ရန် သတ်မှတ်နှုန်းတိုးမြှင့်၍ ပြေးဆွဲ မည်””ဟူ၍ သိရသည်။

ဇင်မာသင်း
From -HotNewsJournal

No comments:

Post a Comment