Friday, September 14, 2012

မြစ်ဆုံရေကာတာ စီမံကိန်း(၁)နှစ်ပြည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေး(မြစ်ကြီးနား)ဟောပြောပွဲသို့ ၈၈ မျိုးဆက်များသွားရောက်မည်

၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းကိုနိုင်၊ ဋ္ဌေးကြွယ်၊ ပြူံးချို၊ မာကီနှင့် သက်ဇော်တို့သည် စက်တင်ဘာလ၊(၁၅)ရက်၌ ကချင်ပြည် နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းတွင် ကျင်းပမည့် မြစ်ဆုံရေကာတာ စီမံကိန်း(၁)နှစ်ပြည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲသို့ တက်ရောက်ကြရန် စက်တင်ဘာလ(၁၄)ရက် နံနက်ပိုင်းတွင် လေကြောင်း ခရီးဖြင့် မြစ်ကြီးနားမြို့သို့သွားရောက်ကြမည်ဖြစ်ပြီး၊ယင်းနောက် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သည် စက်တင်ဘာလ၊(၁၆)ရက်တွင် ဖားကန့်ပြည်သူလူထု၏ဖိတ်ကြားချက်အရ ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်ဒေသ များသို့ လက်ရှိအခြေအနေများကို သိရှိနိုင်ရန် ဒေသခံများနှင့်သွားရောက်တွေ့ဆုံကြမည်ဖြစ်ကာ ဖားကန့်မြို့ မှ မြစ်ကြီးနားမြို့သို့စက်တင်ဘာလ၊(၁၈)ရက်တွင်ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း စက်တင်ဘာလ၊(၁၉)ရက် တွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိကြမည်ဟု ၈၈မျိုးဆက်ကျောင်းသားများဖေ့စ်ဘွတ် စာမျက်နှာ တွင်ဖော်ပြချက်အရသိရသည်။
 
From- Sai Thyra Facebook

No comments:

Post a Comment