Thursday, September 6, 2012

အင်ဒို၊ မြန်မာ အတွေ့ အကြုံဖလှယ်ရေး ဗဟိုကော်မရှင် ဥက္ကဌ ဦးတင်ဦးနှင့် ဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံ Diponegoro တက္ကသိုလ်မှ ပရော်ဖက်ဆာ Moh Jumhur Hidayut နှင့် Dr. Budi Setioyono တို့ ဦးဆောင်သည့် အင်ဒိုနီးရှားနိုင်ငံမှ ပညာရှင်များ ပါဝင်သည့်အဖွဲ့ တစ်ဖွဲ့ သည်၊ ၅-၉-၂၀၁၂ ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဌ ဦးတင်ဦးနှင့် အဖွဲ့ ဝင်ဦးစိုးဝင်း တို့ အား လာရောက်တွေ့ ဆုံပြီး၊ အင်ဒိုနီးရှားနိုင်ငံ အသွင်ကူးပြောင်းရေး အတွေ့ အကြုံများနှင့် မြန်မာနိုင်ငံအသွင်ကူး ပြောင်းရေးအတွေ့ အကြုံများအား ဖလှယ်နိုင်ရေး အတွက် ဆွေးနွေးခဲ့ကြသည်။
ပရော်ဖက်ဆာ Moh Jumhur Hiadayut နှင့်အဖွဲ့ သည်၊ ယခုနှစ် ဇွန်လအစောပိုင်းခန့် က အမျိုးသား ဒီမိုကရေ စီအဖွဲ့ ချုပ်အဖွဲ့ ဝင်လွှတ်တော်အမတ်များအား အင်ဒိုနီးရှားနိုင်ငံဧ။် အသွင်ကူးပြောင်းမှု သင်ခန်း စာများကို ရှင်းလင်းဖလှယ်ပေးခဲ့ပြီးဖြစ်သည်။

ယခုခရီးစဉ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား ထောက်ခံသည့်အခြား အင်ဒိုနီးရှားနိုင်ငံသားများနှင
့် ပူးပေါင်းပြီး အင်ဒိုနီးရှားနိုင်ငံဧ။် အသွင်ကူးပြောင်းမှုအတွေ့ အကြုံများကို အဖွဲ့ ချုပ်အဖွဲ့ ဝင်များအား ထပ်မံ ဝေမျှ နိုင်ရေးအတွက်လာရောက်ဆွေးနွေးခြင်းဖြစ်သည်

ဗဟိုကော်မရှင်ဥက္ကဌဦးတင်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင်များအနေနှင့် အင်ဒိုနီးရှားနိုင်ငံ ဧ။် အသွင်ကူးပြောင်းမှုအတွေ့ အကြုံများကို လေ့လာနိုင်ခွင့်ရရှိမည်ဖြစ်သဖြင့် ၀မ်းသာကြောင်း၊ အဖွဲ့ ချုပ် ပညာရေး အဖွဲ့ နှင့် ညှိုနှိုင်းပြီး အချိန်အခါအားလျော်စွာကျင်းပပေးနိုင်ရန်စီစဉ်မည်ဖြစ်ကြောင်း ပြန်လည်ေ ဆွးနွေးခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် အင်ဒိုနီးရှားနိုင်ငံမှ ပညာရှင်မ
ျားပါဝင်သည့် အဖွဲ့ သည် အဖွဲ့ ချုပ် ဥက္ကဌေ ဒ်ါအောင်ဆန်းစုကြည်အားပေးအပ်စေလိုသော လက်ဆောင်များကို ဗဟိုကော်မရှင် ဥက္ကဌ ဦးတင်ဦး အားပေးအပ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာပြည်အသွင်ကူးပြောင်းရေးကို ဦးဆောင်ခဲ့ရသည့် အမျိုး သမီးတစ်ဦးဧ။်အမြင်များနှင့်အတွေ့ အကြုံများကို အင်ဒိုနီးရှားနိင်ငံတွင် လာရောက်ဖလှယ်၊ဟောပြော၊ ပို့ ချ ပေးပါရန်နှင့် ဗဟိုကော်မရှင်အဖွဲ့ လည်း သူမနှင့်အတူ လိုက်ပါလာရန်ဖိတ်ကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ညီလာခံကျင်းပရေး ဗဟိုကော်မရှင်မှ အဖွဲ့ ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ထံ တင်ပြပေးပါမည်ဟု ၀မ်းမြောက်ဝမ်းသာပြောကြားခဲ့သည်
 

No comments:

Post a Comment