Tuesday, September 11, 2012

အာဖဂန်ရှိ ပြည်ပ စစ်သည်များ ထံမှ အရေးပါသော အချက်အလက်များ ရယူနိုင်ရန် အင်တာနက် ပေါ်တွင် လှပသော မိန်းမပျို လေးများ အဖြစ် တာလီဘန်များ ဟန်ဆောင်

ကန်ဘာရာ  စက်တင်ဘာ ၁ဝ
တာလီဘန် စစ်သွေးကြွများသည် ပြည်ပစစ်သည်များနှင့် ရင်းနှီးခင်မင်၍ ၄င်းတို့ထံမှ အရေးပါသော စစ်ဘက် ဆိုင်ရာ သတင်းအချက် အလက်များကို ရယူနိုင်ရန် ဖေ့စ်ဘွတ်ခ်ပေါ်တွင်လှပ၍ ဆွဲဆောင်မှုရှိသော မိန်းမပျိုများအဖြစ် ဟန်ဆောင်နေ ကြကြောင်း စက်တင်ဘာ ၁ဝ ရက်တွင် စစ်ဘက်အစီရင်ခံစာ တစ် စောင်၌ သတိပေးပြောကြားထားသည် ဟု သိရသည်။
သြစတြေးလျတပ်ဖွဲ့များနှင့် ၄င်းတို့၏ မဟာမိတ်တပ်ဖွဲ့ဝင်များသည် ၄င်းတို့ တပ်ဖြန့်မည့်အစီအစဉ်ကို ကြိုတင်သတိ ပေးချက်များ ထုတ်ပြန် ထားခြင်းကြောင့် တပ်ဖြန့်မည့်ေ နရာအပါအဝင် အရေးပါ သည့် သတင်းအချက်အလက်များအား သိရှိနိုင်ရန် ရည်ရွယ်၍ တာလီဘန် အကြမ်းဖက်သမားများအနေဖြင့် အမျိုး သမီးများအဖြစ် အွန်လိုင်းပေါ်တွင် ဟန် ဆောင်နေကြခြင်းဖြစ်ကြောင်း   သိရ သည်။
From -မြ၀တီ

No comments:

Post a Comment