Thursday, September 6, 2012

“ လျှပ်စစ်မီတာခ အွန်လိုင်းမှ ပေးချေမှု စတော့မည်”

 From- Popular Myanmar News Journal
နေပြည်တော်၊စက်တင်ဘာ၊၆ လျှပ်စစ်မီတာခများကို အွန်လိုင်းမှတဆင့် ပေးဆောင်နိုင်ရေးအတွက် ရတနာပုံတယ်လီပို့၊အမှတ်၂ လျှပ်စစ်စွမ်း အားဝန်ကြီးဌာန၊မြန်မာ့စီးပွားေ၇းဘဏ်နှင့်ပြည်တွင်းပုဂ္ဂလိက ဘဏ် တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုသိရှိရသည်။
Online Electricity Billing System သည် ယခင်အမှတ်၂လျှပ်စစ်ဝန်ကြီးဌာန ရုံးခွဲများ သို့လူကိုယ်တိုင် သွားရောက် တန်းစီပေးသွင်းရသည့် စနစ်ကို အဆင့်မြင့်တင်လိုက်သည့် e-government ဆိုင်ရာအွန်လိုင်းဝန်ဆောင်မှု တစ်ခုဖြစ်သည်။
အင်တာနက်ချိပ် ဆက်နိုင်သောမည်သည့် နေရာမှဖြစ်စေ အွန်လိုင်းစနစ်ဘဏ်များ ၊ငွေသွင်းကောင်တာများနှင် ချိတ် ဆက်၍ ပေးသွင်းနိုင်ပြီး ၎င်းစနစ်နှင့် ပတ်သက်ပြီး စက်တင်ဘာလ၆ရက်နေ့ တွင် နေပြည်ေ တော်အမှတ်၂လျှပ်စစ်ဝန်ကြီးဌာန၌ နေ့လည်တစ်နာရီအချိန်မှစတင်၍ ရတနာပုံတယ်လီပို့ က သက်ဆိုင်ရာသို့ ရှင်းလင်းဆွေးနွေးသွား မည်ဟုသိရှိရသည်။

စွမ်းရဲထွဋ်

No comments:

Post a Comment