Wednesday, September 26, 2012

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ၂ဝ၁၅ ရွေးကောက်ပွဲလွတ်လပ်မျှတမှု ပိုမိုရှိစေရန် ဆွေးနွေး

၂၆၊၉၊၂ဝ၁၂ နေ့လည် ၁း၁၅ မှ ၃း၄၅ အထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းဝေးခန်းမ တွင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊တိုင်းဒေသကြီးေ ရွးေ ကာက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို၊အဖွဲ့ဝင် ဦးချစ်နိုင်၊ဦးခင်မောင်ထွန်း၊ဦးကျော်၊ဦးရဲမြ
င့် ။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊နိုင်ငံရေးပါတီများမှတ်ပုံတင်ရေးနှင့်ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်၊ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချို နှင့်
၈၈မျိုးဆက်ကျောင်းသားများမှ ကိုကိုကြီး ၊ ကိုပြုံးချို ၊ ကိုအာကာဗိုလ် နှင့် ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့်ရေးကွန်ယက်မှ ကိုဝင်းကျော်၊ကိုစိုင်းရဲကျော်စွာမြင့် တိုပါဝင်တွေ့ဆုံဆွေးနွေးခဲ့ကြသည် ။
ထိုသို့ဆွေးနွေးရာတွင် ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲများနှင့် ပတ်သက်သည့် အားနည်းချက်၊အားသာချက်များကို သင်ခန်းစာယူ၍ လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲအား လွတ်လပ်မျှတမှု ပိုမိုရှိစေရန် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည် ။
From-88Generation

No comments:

Post a Comment