Thursday, September 13, 2012

နိုင်ငံပိုင်လယ်မြေကျူးကျော်မှုဖြင့် ရွာသား ၁၂၅ဦး ကို နေပြည်တော် ဇမ္ဗူသီရိမြိုနယ်တရားရုံးမှဆင့်ခေါ်

နေပြည်တော်၊စက်တင်ဘာ၊၁၃နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် မှ နိုင်ငံတော်ပိုင်လယ်၊ယာမြေများကို ကျူးကျော်နေထိုင်မှုဖြင့် ရွာသား၆၃ဦးအပါအ၀င် အသက်၁၈နှစ်ပြည့်ပြီးသူမိသားစုဝင်များကိုအမှုရင်ဆိုင်ရန်ယနေ့နံနက် ၁၀း၃၀ အချိန်တွင် ဇမ္ဗူသီရိမြိုနယ်တရားရုံးမှ ဆင့်ခေါ်ထားကြောင်းသတင်း ရရှိသည်။ဆင့်ခေါ်စာပေးပို့ခံရသူ ရွာသားမှာ၆၃ဦးရှိပြီး ထိုဆင့်ခေါ်ခံရသောရွာသားများနှင့် အတူနေထိုင်ပြီးအသက်၁၈နှစ်ပြည့်ပြီသူအပါအ၀င် တရားစွဲဆိုခံရသောဦးေ၇မှာ ၁၂၅ ဦးရှိကြောင်းသတင်းရရှိသည်။“ကျွန်တော်တို့ တရားစွဲခံရသူတစ်ဦးကို အာမခံဖို့ဆိုပြီး လူနှစ်ဦးလိုက်ရတယ်။ဒီတော့ တရားစွဲခံရတာက ၁၂၅ ဦးအာမခံလိုက်ပေးရတာက ၂၅၀ ဦး စုစုပေါင်း ၃၇၅ဦး လာရမှာဗျ။လောလောဆယ်တော့ တက်နိုင်သူတွေက ဘတ်စ်ကားနဲ့သွားတာရှိသလိုဘတ်စ်ကားခမတက်နိုင်လို့ ၁၅မိုင်လောက်ခရီး ခြေလျှင်လျှောက်နေကြသူတွေလဲရှိတယ်။ဆန္ဒပြတာတော့မဟုတ်ပါဘူး။သူတို့ဆင့်ခေါ်လို့လာကြတာပါ။" ဟုရွှေခဲအင်းကျေးရွာအုပ်စုနေသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။ဒက္ခိဏသီရိမြို့နယ်မှ ဇမ္ဗူသီရိမြို့နယ်တရားရုံးသို့ တစ်ဦးအသွားအပြန်ကားခမှာ တစ်ထောင်နီးနီးရှိ၍ မိသားစုဝင်သုံးဦးလာလျှင် ကားခ သုံးထောင်ကျပ်၊အာမခံ ပေးသူနှစ်ဦးစီအတွက်လမ်းစရိတ်ပါပေါင်းလျှင်လမ်းစရိတ် ခြောက်ထောင်ကျပ်ကုန်ကျမည်ဟု၎င်းကဆက်ပြောသည်။တရားရုံးသို့ဆင့်ခေါ်ခံရသော အဆိုပါ ရွာသားများအား ယခုနှစ်၊ဇွန်လအတွင်းက တရားစွဲဖူးကာ ထိုအမှုကိုပင် သြဂုတ်လအတွင်း ပလပ် အမှုအဖြစ်သတ်မှတ်ခဲ့သည်။

စွမ်းရဲထွဋ်

From -ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment