Sunday, September 2, 2012

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နှင့် အနုပညာရှင်များတွေ့ ဆုံပွဲမှ ပြောကြားချက်

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသစ် ဦးအောင်ကြည်က ယင်း၏ဋ္ဌာနနှင့် ဆက်စပ်နေသော အရပ်ဘက်အဖွဲ့အစည်းများကို စည်းမျဉ်း ပြဋ္ဌာန်း၍ ချုပ်ချယ်သွားမည် မဟုတ်ကြောင်း ပြောကြား လိုက်သည်။

"ကိုယ်ဘာသာကိုယ်ပြဋ္ဌာန်းပြီးတော့မှ ကိုယ်ဘာသာကိုယ်စောင့်ထိန်းပြီးတော့မှ ဂုဏ်သိက္ခာ အတွက် ဆောင်ရွက်သွားတဲ့ အဖွဲ့အစည်းတွေဖြစ်အောင် ကျွန်တော်ဆောင်ရွက် သွားပါမယ်" ဟု စက်တင်ဘာ ၂ ရက် နံနက်က ရုပ်ရှင်အစည်းအရုံးတွင် ပြုလုပ်သော တွေ့ဆုံပွဲ၌ ဦးအောင်ကြည် က ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်သည် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ပထမဆုံး အကြိမ် တွေ့ဆုံခြင်းလည်းဖြစ်သည်။ ရုပ်ရှင်အစည်းအရုံး ၌ ပြုလုပ်သော တွေ့ဆုံပွဲ သို့ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

1 comment:

  1. မှန်ပါတယ်။
    တစ်စုံ တစ်ရာကိုကြောက်ရွံ့လို့ မဟုတ်ဘဲ မိမိ ကိုယ်တိုင် ပြုသင့်သည်၊မပြုသင့်သည် ကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ကြမယ်လို့ယုံကြည်ပါတယ်။

    ReplyDelete