Friday, September 28, 2012

“ အလောင်းမင်းတရား၏ ပြည်ပရောက်နေသော နှစ်ပေါင်း ၂၅၀ကျော်သက်တမ်းရှိရွှေပေလွှာပုံစံတူ နေပြည်တော်အမျိုးသားပြတိုက်တွင်ထားရန် ဂျာမနီကူညီမည်”

ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့တွင်ရှိသော အလောင်းမင်းတရားကြီး၏ ရွှေပေလွှာပုံစံတူကို နေပြည်တော်ရှိ
အမျိုးသားပြတိုက်၌ထားရှိနိုင်ရေးအတွက် ဂျာမနီနိုင်ငံမှ ကူညီသွားမည်ဟု သိရသည်။
အဆိုပါရွှေပေလွှာကို အလောင်းမင်းတရားကြီးက ဒုတိယမြောက်ဂျော့ဘုရင်ထံသို့ ၁၇၅၆ ခုနှစ်တွင် ပေးပို့ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၂၅၆နှစ် သက်တမ်းရှိနေပြီး မူရင်းစာမှာ ဟန်နိုဗာမြို့တွင် ရှိသည်ဟုသိရသည်။

ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကော်နယ်လီယာပီပါ၏ အရှေ့တောင်အာရှခရီးစဉ်အတွင်း

စက်တင်ဘာလ ၂၇ ရက်မှ ၂၉ရက်ထိ မြန်မာနိုင်ငံသို့ရောက်ရှိနေရာ စက်တင်ဘာ ၂၈ရက်တွင် ၄င်းနှင့် မြန်မာနိုင်ငံ

ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်တို့သည် နှစ်နိုင်ငံကြားယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ

ပူးတွဲကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထားခဲ့သည်။

အဆိုပါ ကြေညာချက်တွင် အထက်ပါ အလောင်းမင်းတရားကြီး၏ ရွှေပေလွှာပုံစံတူထားရှိရေးအချက်လည်းပါဝင်ခဲ့ကြောင်းသိရသည်။

----AKS---
From-Popular

No comments:

Post a Comment