အခုတစ်လောအိမ်က ကလေး တွေက Hip Hop သစ သီချင်းေ တွ နား ထောင်ကြလို့ သမီးတို့က
ဘာကြောင့် ဒီ Hip Hop သီချင်းတွေကြိုက် တာလဲ မေးလိုက်တော့၊ သူတို့လေးတွေက
သီချင်းဆို တာအပြင် ဆိုသူများရဲ့ လှုပ်ရှားမှုကို ကြိုက်ကြောင်း ဖြေကြပါတယ်။
ဟုတ်မှာပါ။
သူခေတ်နဲ့ သူလိုက်ပြီး သီချင်း နဲ့ အဆိုတော်တွေကတာ၊ ခုန်တာ၊ လှုပ်ရှား တာတွေကို ကြိုက်စမြဲပါ။ ကျွန်မတို့ခေတ်က Rock and Roll ဘုရင်လို့ တင်စားခေါ်ခဲ့ကြတဲ့ Elvis Presley ကို ကြိုက်ခဲ့ကြတာကို မှတ်မိနေပါသေးတယ်။
သူ့ခေတ်ပြီးသွားတော့ Pop King ဆိုပြီး ထင်ရှားတဲ့ Michael Jackson က ပေါ်လာခဲ့ပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူအများက သီချင်းနဲ့ လှုပ်ရှားမှုကို ကြိုက်စမြဲပါ။
သီချင်းနဲ့ အကအကြောင်းတွေးမိရင်း ကျွန်မအလုပ်တာဝန်နဲ့ ဗီယက် နမ်၊ ဟိုင်နွမ်းမြို့မှာ ရှိစဉ်က ပြန်လည် ဆုံတွေ့ခဲ့ရတဲ့ ဂျပန်အမျိုးသမီး သူငယ် ချင်း Juniကို မျက်စိထဲမြင်မိသွားပါတယ်။
တစ်နေ့ ဟိုင်နွမ်းမြို့ထဲမှာ Juni ကို ကျွန်မတွေ့လိုက်တော့ သူ့ကို ဖြုန်းခနဲ မမှတ်မိပါဘူး၊ လှမ်းလှမ်းက စမြင်ကတည်းက ကျွန်မစိတ်ထဲမှာ ဇဝေဇဝါဖြစ်နေတာပါ။ သူ့ကိုအရင် ကျွန်မသိခဲ့စဉ်က Juni က ဝဝကစ်ကစ် လုံးလုံးလေးနဲ့ အင်မတန်သွက်လက်ပြီး ချစ်စရာကောင်းသူပါ။ အခုတော့ သူက ဒီလို မဟုတ်တော့ပါဘူး။ ပိန်ပိန် သွယ်သွယ် ဖြစ်နေပါတယ်။ အနားရောက်တော့ Juni ကစပြီး ''ခင် တို့ကို မမှတ်မိဘူးလား၊ အရင် လာအိုမှာ တုန်းက သိခဲ့ကြတာ လေ'' လို့ နှုတ်ဆက်ပါတယ်။ သူ့အသံ ကြားလိုက်မှ ကျွန်မ Juni ကို မှတ်မိသွား ပါတော့တယ်။
ကျွန်မက အားရက်မို့ အတော် ဖြစ်သွားပြီး Juni ကလဲ အားကြောင်း ပြောတာနဲ့ ကျွန်မတို့နှစ်ယောက် အနီးအနားရှိ ကော်ဖီဆိုင်ကို သွား လိုက်ကြပါတယ်။
ကျွန်မတို့ ကြာကြာစကားပြောချင်တာကြောင့် အေးအေးဆေးဆေး စကားပြောကောင်းမယ့်နေရာ ကို ရွေးပြီး၊ နှစ်ယောက်သား ထိုင်လိုက်ကြတယ်။ ဆိုင်က ကော်ဖီအပြင် မုန့်တွေကပါ နာမည်ကြီးဆိုတော့ ကျွန်မတို့ မုန့်နှစ်မျိုး၊ သုံးမျိုးမှာဖြစ်သွားတယ်။
သူက ငယ်ငယ်ကတည်းက ငြိမ်ငြိမ်မနေဘဲ အမြဲလှုပ်ရှားနေတတ် သူဆိုတော့ ဘဲလေး-Ballet အက ကို လေးငါးနှစ်လောက် သင်ခဲ့တယ်။ နောက် အပျိုဖြစ်လာတော့ ခေတ်စား နေတဲ့ Rock and Roll တို့ Cha Cha Cha တို့ကို ကပြန်သတဲ့။ တက္ကသိုလ်ရောက်တော့ စာများပြီး သိပ်မကဖြစ်တော့ဘူးလို့ ပြောပါတယ်။
အလုပ်ထဲဝင်တော့ အများလုပ်ကြတဲ့ အဲဒီခေတ်က သိပ်ခေတ်စား ခဲ့တဲ့ Aerobic ကိုယ်လက်လှုပ်ရှား မှုကို မနက် Video တိတ်ခွေဖွင့်ပြီး TV ရှေ့မှာ ကြည့်ပြီး လုပ်ခဲ့ရသေး တယ်တဲ့။
ရုံးအားရက်တွေမှာ ပန်းခြံထဲသွားပြီး အများနဲ့အတူ စင်မြင့်ပေါ်က လုပ်ပြနေတဲ့သူကိုကြည့်ပြီး လိုက်လုပ် ရသေး တာလဲရှိသေး။
အဲဒီဟာမျိုး ရိုးသွားတော့တစ်ခါ တရုတ်ရိုးရာ ဖြည်းဖြည်း နှေးနှေး လှုပ်ရှားရတဲ့ Tai Chi ကို ခေတ်နဲ့ အမီတို့ ဆက်လုပ်သေးတယ်။ အဲဒီနောက်တော့ တရားအားထုတ်တဲ့ ကျင့်စဉ်တစ်မျိုးဖြစ်တဲ့ yoga ကို ကျန်းမာရေးအတွက် လေ့ကျင့်ခန်း အဖြစ် လုပ်လာတော့လဲ ထုံးစံအတိုင်း တို့ဝင်နွှဲလိုက်တာပေါ့။ အဲဒါကျတော့ ဆရာဝန်က အဆင်မသင့်ရင် အရိုးတွေ အကြောတွေ ဒဏ်ဖြစ်နိုင်တယ် ဆိုလို့ ကြောက်ပြီး ဆက်မလုပ်ဘဲ ဖြတ်လိုက်တယ်လေ။
နောက် ယူနီဆက်မှာ အလုပ် ဝင်လုပ်တော့ မကြာခဏ ခရီးထွက် ခဲ့ရတယ်။ ဟိုတိုင်းပြည်ပြောင်း၊ ဒီ တိုင်းပြည်ပြောင်းနဲ့ အလုပ်တွေက များလာပြီး ကိုယ်လက်လှုပ်ရှားမှုနည်း လာတော့တာပေါ့။ ဒါကြောင့် ခင့်ကို သိခါစ လာအိုမှာတုန်းက ဝနေတာပေါ့ သူငယ်ချင်းလို့ ရှင်းပြပါတယ်။
အသက်လေးကလဲ ရလာတော့ ကျန်းမာရေးကို ပိုဂရုစိုက်ခဲ့ရတယ်။ ဒါကြောင့် ရောက်တဲ့နိုင်ငံေ တွမှာ Health Club ဝင်ပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်ရတယ်။ Thread mill ပြေးလိုက်၊ စက်ဘီးစီး လိုက်ပေါ့လို့ ပြောပါတယ်။
ဒါပေမယ့် သူ့ခမြာ အချိန်နဲ့ ငွေသာကုန်သွားတယ်။ ကိုယ်အလေး ချိန်က မကျတဲ့အပြင် တက်တောင် လာသေး တာဆိုပဲ။ ကြာတော့ စိတ် ပျက်ပြီး ဆက်မလုပ်ချင်တာနဲ့ ရပ်လိုက်သတဲ့။
သူခွင့်နဲ့ ဂျပန်ပြန်တော့ ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ တွေ့ပြီး သူတို့ Belly dance အက သင်တန်း တက်ေ န တာကို သိပြီး လိုက်သွား လိုက်တယ်။ Belly အကက ဂျပန်မှာ ခေတ်စားလာတာဆိုပဲ။
Juniက ကျွန်မလိုပဲ ဒီအကက အရှေ့ အလယ်ပိုင်းနိုင်ငံတွေမှာသာ ခေတ်စားတယ် ထင်မိကြတယ်။ ဘယ်ဟုတ်ပါ့မလဲ။ ၁၉၇ဝ ခုနှစ် လောက်ကတည်းက အမျိုးသမီးများရဲ့ သဘာဝအလှကို ဖော်ထုတ်တဲ့ အကဆိုပြီး အမေရိကန်နိုင်ငံမှာ ကခဲ့ကြတာတဲ့လေ။

Juniအပြောအရ ဒီအကက အီဂျစ်ကတစ်ဆင့် တူရကီရောက်သွားပြီး ဖင်လန်၊ သြစတေးလျ၊ ဘရာဇီး၊ ကနေဒါတို့မှာတောင် ဒီအကသင် တန်းတွေရှိပြီး ကနေကြတယ်။ ဂျပန်မှာလဲ အကသင်တန်းတွေ ဖွင့်ထားတာကြောင့် သူ့သူငယ်ချင်းတွေ သင်နေတာကို သိခဲ့ရတယ်။
သူပြောတာ နားထောင်ရင်း ကျွန်မအရင်သိထားတဲ့ Arabian Nights ရုပ်ရှင်တွေမှာ ကကြတဲ့ အာရပ် အမျိုးသမီးလေးတွေအစား ဂျပန်မလေးတွေ၊ အမေရိကန်မလေးတွေကို အစားထိုးကြည့်တာ အမြင်ဆန်းသလိုလို ဖြစ်နေပါတော့တယ်။
ကျွန်မတို့ ကြည့်နေကျ ကုလားကားထဲက ဆာရီနဲ့ ကုလားမလေးတွေ ဗိုက်ကလေး၊ ချက်ကေ လး ဖော်ပြီး ကကြတဲ့ စတိုင်နဲ့တော့ သိပ် မကွာလှပါဘူး။
သူငယ်ချင်းတွေကလဲ ဆွယ်တဲ့ အပြင် သူကိုယ်တိုင် လိုက်သွားရင်း စိတ်ဝင်စားတာကြောင့် အခြေခံ သင်တန်းတက်ဖို့ စာရင်းသွင်းပြီး ဂျပန်ရောက်တုန်း Juni က ဘယ်လီအက သင်ဖြစ်သွားတယ်။
သူက ငယ်ငယ်က ဘဲလေး အကကို ကြာကြာလေး သင်ခဲ့တာ ဆိုတော့ ဘဲလေးအကနဲ့ ဘယ်လီ အက ကွာခြားတာကို ချက်ချင်းနား လည်လိုက်တယ်လို့ ပြောပြပါတယ်။ ဘဲလေးအကက ဇာတ်ကွက်တစ်ခုမှာ ကိုယ်က ကကွက်တစ်ခု ပါဝင်လှုပ်ရှားပြီး ကရတယ်။ ဘယ်လီအကကျတော့ တစ်ယောက်ချင်း ကိုယ့်ကိုကို ယ် ပေါ်လွင်အောင် ကသွားကြရတာတဲ့။
နောက်တစ်ခု သူသတိထားမိတာက ဘဲလေးကစဉ်က ခြေဖျားထောက်ထောက်ပြီး ကရတာကြောင့် ခြေထိပ်လေးတွေတောင် ကွေးပြီး ပုံပျက်သွားခဲ့တယ်။ ဒီဘယ်လီကရဲ့ လှုပ်ရှားမှုက အမျိုးသမီးများ သဘာဝ လှုပ်ရှားမှုကို လိုက်ပြီး ကရတာ တဲ့။ ခန္ဓာကိုယ်ရှိ ကြွက်သားစုများကို လှုပ်ရှားပြီး ကရတာကြောင့် ကျန်းမာရေးအတွက် သိပ်အထောက်အကူ ပြုတာဆိုပဲ။
Juni က ဘယ်လီကတဲ့အခါ ဗိုက်ရှိကြွက်သားတွေ၊ တင်ပါး၊ ရင်ပတ်၊ ခါးရိုး၊ လည်ပင်းရှိကြွက် သားများကို အတင်းအလျှော့လုပ်ပြီး ကကြရတယ်။ ဒီအခါမှာ အဆစ်တွေ အရွတ်တွေကလဲ တဖြည်းဖြည်း လှုပ်ရှားကြရပြန်တယ် တဲ့။
ဒါကိုကြားတော့ ကျွန်မခါးနာတာကို ဆရာဝန်များ လုပ်ခိုင်းတဲ့ ကြွက်သား၊ အဆစ်လေ့ကျင့်ခန်းများ ကို မြင်မိသွားတယ်။ ကျွန်မက ကတာမဟုတ်ပေမယ့် ကြွက်သား များသန်မာလာအောင် လုပ်ရတဲ့ လေ့ကျင့်ခန်းများပါ။ Juni ပြောသလို ဒီလှုပ်ရှားမှုတွေက ကျန်းမာရေးအတွက် အထောက်အ ကူပြုတာကို ကျွန်မသိပြီးသားပါ။
ဒီအက ကဖို့ တီးလုံးတို့ သီချင်း တို့ကလဲ ဆွဲဆောင်မှု အပြည့်ရှိတာလို့ သူက ဆက်ပြောပါတယ်။ သီချင်း သံကြားလိုက်ရင်ပဲ အလိုလိုကလာချင်တာဆိုပဲ။ သီချင်းတင်ဆွဲဆောင်မှုရှိတာလားလို့ မေးတော့ မဟုတ်ကြောင်း၊ အဝတ်အစားတွေ ဆင်ယင်ထုံးဖွဲ့မှုကလဲ အသားပါနေပြန်သတဲ့။
ဒီအကက တစ်ကိုယ်လုံး နွဲ့နွဲ့ နှောင်းနှောင်း လှုပ်ရှားကရတာကြောင့် ကတဲ့အခါ ကချက်နဲ့အတူ အသံစုံ လေးတွေ ထွက်လာအောင် ဝတ်တဲ့ အင်္ကျီတို့ ဘောင်းဘီတို့မှာ ခြူလေးတွေ၊ ခေါင်းလောင်း၊ ဒင်္ဂါးပြား၊ ပုတီး စေ့တွေ နှစ်သက်သလို ထည့်ချုပ်ထားကြတယ်။ ဒီတော့ ကလိုက်တိုင်း အသံတွေကမြည်ပြီး နားထောင်လို့ တစ်မျိုးကောင်း ပြန်တာပေါ့။ အသံသာမက သူ့ထက် သူလှအောင် ဒီဇိုင်းလုပ်ကြတယ်လို့ ပြောပါသေးတယ်။
သူပြောတာနားထောင်ရင်း ဘယ်လူမျိုးပဲဖြစ်ဖြစ်အက ကကြတဲ့ အခါမှာ လှသထက်လှအောင် တီထွင်ကြတာပါ။ ဒါက လူ့သဘာဝပေကိုး၊ ကျွန်မတို့ မြန်မာအကမှာလဲ ခါးထောင်အင်္ကျီ၊ ရင်ခံ၊ ထိုင်မသိမ်းဆိုရင်လဲ ရွှေခြည်ငွေခြည်၊ ပုတီးစေ့၊ ပုလဲလုံး၊ Health Club အရောင်တွေ အမျိုးမျိုးနဲ့ လှအောင်ချုပ်ကြသေး တာပဲ။ အမျိုးသမီးသဘာဝအတိုင်း လှချင်ကြတာမဆန်းပါဘူး။
သူက ဒီဘယ်လီအကကို စသင်ပြီးနောက်မှာ ကိုယ်အလေးချိန်က တဖြည်းဖြည်း ကျသွားခဲ့တာဆိုပဲ။ အရင်က လေ့ကျင့်ခန်းလုပ်ဖို့ Sequin တွေ အစုံဝင်ခဲ့ဖူးတယ်။ ဘာမှ မထူးခြားဘူး။ နေ့စဉ် ကိုယ်လက်လှုပ် ရှားလေ့ကျင့်ခန်းတွေချည်း လုပ်ရတာ ငြီးငွေ့လာခဲ့တယ်။ အခု ဘယ်လီအကက သူတို့အခေါ် Raks Sharki က သူ့အတွက် ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုလို သဘော ထားလာခဲ့တယ်။ အလုပ်တွေများပြီး စိတ်ရှုပ်လာတဲ့အခါ အိမ်ပြန်ရောက်ရင် သီချင်းဖွင့်ပြီး ကလိုက်တယ်ဆိုရင် စိတ်ပေါ့ပါးသွားတာဆိုပဲ။
''ခင်လဲ ဒီအက ကကြည့်ပါလား။ တို့သင်ပေးမယ်၊ သိပ်မခက်ပါ ဘူး'' လို့ ပြောလိုက်တာနဲ့ ကျွန်မ အာမာန်မြို့ ယူနီဆက်မှာ တာဝန်ကျစဉ်က သိကျွမ်းခဲ့တဲ့ စာရေးမလေး မိသားစုကို သွားသတိရမိသွားတယ်။ သူ့သားငယ်က ''အန်တီ ဒီအကက သိပ်လွယ်ပါတယ်'' လို့ ပြောပြီး သင် ပေးခဲ့ပေမယ့် ကျွန်မ မတတ်ခဲ့ပါဘူး။
အဲဒီကတည်းက ဒီအကကဖို့ စိတ်လျော့ခဲ့တာကြောင့် Juni ကို ''သူငယ်ချင်း တို့အရွယ်နဲ့ သင်လို့ မဖြစ်တော့ဘူး၊ သင်ပေးမယ်ဆိုတာ ကျေးဇူးတင်ပါတယ်။ တခြားကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုပဲ လုပ်တော့မယ်'' လို့ ဖြေလိုက်ရတယ်။
ကျွန်မ အရှေ့အလယ်ပိုင်းတစ်ခွင်မှာ တာဝန်ကျတုန်းက သဲကန္တာရထဲ ကားကျွမ်းသုံး ပတ်လည်ပြီး မှောက်သွားပြီးကတည်းက ရထားခဲ့တဲ့ဒဏ်ရာဟောင်းတွေကြောင့် အရိုးတွေ၊ အကြောတွေက သိပ်မကောင်း တော့လို့ ကျန်းမာရေး လေ့ကျင့်ခန်း တွေတောင် နေ့စဉ်မနည်း ကြိုးစားပြီး လုပ်နေရတာပါ။
ဒီဘယ်လီကကိုများ ကလိုက်လို့ကတော့ အမလေးနော် တွေးတောင် မတွေးရဲပါဘူး။ တစ်ခုခုများဖြစ်သွား လို့ကတော့ လူကြားမကောင်း သူ ကြားမကောင်း ဆရာဝန်ဖြစ်လျက်နဲ့ ဒီအသက်အရွယ်ကျမှ ဘယ်လီက ကရတယ်လို့ဆိုပြီး မသနားဘဲ မေးငေါ့ကြမှာ မြင်ယောင်ပါသေးတယ်။
ဈေးကွက်ဂျာနယ် အွန်လိုင်းတွင် ဖော်ပြထားသောဆောင်းပါးဖြစ်သည်။
No comments:
Post a Comment