Tuesday, September 4, 2012

ချင်းတောင်တီးတိန်နယ်တွင် ပုဂ္ဂလိကပိုင်သဘာဝ ဘေးမဲ့တောကြီးစတင်အကောင် အထည်ဖော်

တီးတိန်မြို့ ဦးဆွမ်ပေါင်ပိုင်မြေဧက(၅၀၀)ကို သဘာဝအလျှောက်ေ ပါက်ရောက်သော သစ်ပင်တို့ကိုထိန်းသိမ်းစောင့်ရှောက် ထားပြီးတောေ ပျာ်တိရိစ္ဆာန်တို့လွတ်လပ်စွာကျက်စားနေထိုင်ရာ ဥယျာဉ်ကြီး အဖြစ် ဆောင်ရွက်နိုင်ရန် ကြိုးစားလျှက်ရှိ့ ကြောင်းသိ ရသည်။ ““ ကျွန်တော်ပြုစုပျိုးထောင်ထားတဲ့ တောကတီးတိန်မြိုရဲ့ အနောက်ဘက် ကတောင်ကြောမှာပါ။ ကျွန်တော် (၁၉၉၀)ပြည့်နှစ်က စတင်ခဲ့တာဖြစ်ပါတယ်။ အခုမြေနေရာတွေဟာ ဟိုတုန်းကေ တာ့ တောင်ယာ လယ်တော နေရာတွေဖြစ်ပါတယ်၊တောင်ယာစိုက်လို့မရ တော့တဲ့အခါ တောင်ယာ လယ်ပိုင်ရှင်တွေ က တောင်ယာမြေကို စွန့်ပစ် ထားခဲ့ ကြပါတယ်။
အဲဒီတောင်ယာလယ်ကွက်တွေကို ကျွန်တော်က တန်ရာတန်ကြေးပေးဝယ်ပြီး ခုတ်ထွင်ရှင်းလင်းမှု မလုပ်ဘဲ လေးငါး ဆယ် နှစ်ထားလိုက်တဲ့အခါမှာ တောရိုင်းခြုံတွေအပင်တွေပြန်ပေါက်လာပါတယ်၊ အဲဒီမှာလိုတဲ့နေရာကွက်လပ်တွေမှာ ထင်းရှူး၊ တောင်ဇလပ်စတဲ့အပင်တွေ ပြန်စိုက်ပြီးပြုပြင်ပေးတယ်၊ မလိုတဲ့ခြုံနွယ်တွေကို ရှင်းတယ်၊ နွေရာသီမီး မလောင်အောင် ဂရုစိုက်ရတယ်၊ဒေသခံတွေ ထင်းမခုတ်အောင် လည်းကင်းစောင့်ရတယ်၊အခုတော့ သစ်ပင်တွေ ပေါင်လုံးလောက် ရှိ့လာ ပြီးသဘာဝေ တာကောင်သားကောင်တွေဖြစ်တဲ့၊ ချေ၊ယုန်၊မြွေ၊၀က်၊တောကြောင်၊ စတဲ့အကောင်တွေရောက်လာနေ တယ်။ ဟု ဦးဆွမ်ပေါင်မှပြောပါသည်။
ဦးဆွမ်ပေါင်သည် ယခုတောင်ယာလယ်တောမြေနေရာကို ငွေသိန်း(၆၀၀)ဖြင့် ၀ယ်ယူခဲ့သည်ဟု ဆိုသည်။ နှစ်စဉ်တောမီး တားဆီး ရေးနှင့် ထင်းခိုးခုတ်သူများ အမဲလိုက်သူများကို တားဆီးခြင်း၊ နေ့ညမပြတ် အစောင့်ငှားရခြင်း စသည့်ကုန်ကျ စရိတ်မှာတစ်နှစ်ကို(၃၇)သိန်းဝန်းကျင်ကုန်ကျသည်ဟုဆိုသည်။
ယခုအခါဦးဆွမ်ပေါင်၏သစ်တောအတွင်းတွင်သစ်ပင်ကြီးများ ရှင်သန်ကြီးထွားလာသည်နှင့်အမျှ သဘာဝစိမ့်စမ်းရေများ ပြန်ထွက်လာပြီးချောင်းမြောင်း များအဖြစ်ပြန်လည်စီးဆင်းလာ သည်ဟု ဆိုသည်။ အထူးသဖြင့် သဘာဝသစ်တော များကို ပုဂ္ဂလိကတို့မှ ၀ယ်ယူထူထောင်မှုမှာမရှိ့သလောက်ရှားပါးနေ သေးသည် အတွက်လိုအပ်လာ သည့် ကိစ္စများကို အဖက် ဖက်မှဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်မှုများရှိ့ကြောင်းဦးဆွမ်ပေါင်မှပင်ပြောပါသည်။

No comments:

Post a Comment