Monday, September 24, 2012

ရွှေဈေး ကျပ် ၈သိန်းနီးပါးရောက် အ၀ယ်ပါး အရောင်းများ

ရန်ကုန် (မဇ္ဈိမ) ။             ။ ပြည်တွင်း ရွှေဈေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ရှစ်သိန်း နီးပါးအထိ မြင့်တက်နေမှု
ကြောင့် ဈေးကွက်အတွင်း ပြန်လည် ရောင်းချမှုများ များပြားပြီး ၀ယ်သူနည်းပါးလျက် ရှိသည်ဟု ရန်ကုန်တိုင်း
ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဦးဝင်းမြင့်က ဆိုသည်။

“ပြည်တွင်းရွှေဈေးနှုန်းအတက်အကျက နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ရွှေဈေးနှုန်းနဲ့တိုက်ရိုက် သက်ဆိုင်နေပါတယ်၊
နိုင်ငံတကားဈေးတက်လို့ ပြည်တွင်းမှာလဲ အခုလိုဈေးနှုန်းမြင့်တက်လာတာပါ” ဟု ဦးဝင်းမြင့်က ဆိုသည်။

နိုင်ငံတကာဈေးကွက်၌ စက်တင်ဘာလ၂၁ရက်နေ့က ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင်အမေ ရိကန်ဒေါ်လာ
၁၇၇၃ဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်း ရှစ်သောင်း ရှစ်ထောင်နှင့် ၁၅ပဲရည်ရွှေတစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းသုံးသောင်းငါးထောင်ဖြင့် အရောင်းအ၀ယ်ပြုလုပ်လျက်ရှိသည်။

“ကမ္ဘာ့ရွှေဈေးကပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ ရွှေဈေးနဲ့ယှဉ်ရင် ကျပ်တစ်သောင်းဝန်းကျင်ပိုများ နေတာဖြစ်တဲ့
အတွက် ပြည်တွင်းမှာအ၀ယ်သိပ်မလိုက်ပေမယ့် တရုတ်ဘက်က ပြည်တွင်းရွှေ အ၀ယ်ဆွဲကြတယ်၊ ဘယ်လောက်
ပမာဏ အတိုင်းအတာဝယ်လဲဆိုတာကတော့ ပြောလို့မရဘူး” ဟု ဦးဝင်းမြင့်က ဆိုသည်။

နိုင်ငံတကာဈေးကွက်တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ စက်တင်ဘာလ၃ရက်နေ့က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၉၆သာရှိခဲ့သော်လည်း စက်တင်ဘာလ၆ရက်နေ့မှစ၍ အမေရိကန်ဒေါ်လာ ၁၇၀၀ အထက်သို့ပြန်လည်ရောက်
ခဲ့ပြီး စက်တင်ဘာ ဒုတိယပတ်အတွင်း ၁၇၃၅ ဒေါ်လာ ၀န်းကျင် ဈေးရှိရာမှ စက်တင်ဘာ ၁၃ရက်နေ့၌ ၁၇၇၃
ဒေါ်လာ အထိမြင့်တက်ခဲ့သည်။

ပြည်တွင်းဈေးကွက်တွင်လည်း စက်တင်ဘာလ ပထမပတ်က အခေါက်ရွှေ တစ်ကျပ်သား ခုနစ်သိန်းခြောက်သာင်း
ကျပ် ခန့်သာရှိခဲ့ရာမှ စက်တင်ဘာလ၁၄ရက်နေမှစ၍ တစ်ကျပ်သားကျပ်ခုနစ်သိန်းကိုးသောင်းငါးထောင်အထိ
ဈေးနှုန်းမြင့်တက်သွားခဲ့သည်။ စက်တင်ဘာလတတိယပတ်အတွင်း ဒေါ်လာ ဈေးအနည်းငယ်ကျဆင်းလာ၍
ပြည်တွင်းရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းရှစ်သောင်း ရှစ်ထောင် ခန့်အထိ ပြန်လည် ကျဆင်း
သည်။

ပြည်တွင်းဈေးကွက်၌ ရွှေဈေးနှုန်းမြင့်တက်နေမှုကြောင့် ဈေးကွက်အတွင်း ၀ယ်သူရှားကာ ပြန်လည်ရောင်းချသူ
များသာ များပြားနေပြီး လက်ရှိ၌ ကမ္ဘာ့ရွှေဈေးနှုန်းအတက်အကျ မြန်ဆန်နေခြင်းကြောင့် ဖြစ်ပေါ်လာမည့်
ရွှေဈေးနှုန်းအားမခန့်မှန်းနိုင်သေးကြာင်း ရွှေလုပ်ငန်းရှင်အချို့ကဆိုသည်။

ပြည်တွင်းအခေါက်ရွှေဈေးနှုန်းမှာ၂၀၁၁ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းအထိ တစ်ကျပ်သားကျပ် ခြောက်သိန်း
ကိုးသောင်းဝန်းကျင်သာရှိခဲ့ပြီး၊ ယခုနှစ်ဆန်းပိုင်းဇန်န၀ါရီလမှစတင်ကာ တစ်ကျပ်သား  ကျပ်ခုနှစ်သိန်းကျော်
ဈေးအထိ တက်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment